DVB Logo
Home
မြန်မာသတင်း
ဂူတာပြင်​​ကျေးရွာ မီး​လောင်​​မြေ​နေရာတွင် ​နေအိမ် ၁၄၁ ​လုံးဆောက်​လုပ်​မည်
DVB
·
October 29, 2018
ဂူတာပြင်​​ကျေးရွာ မီး​လောင်​​မြေ​နေရာတွင် ​နေအိမ် ၁၄၁ ​လုံးဆောက်​လုပ်​မည်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဂူတာပြင်ကျေးရွာ မီးလောင်မြေနေရာမှာ နေအိမ် ၁၄၁ လုံး ဆောက်လုပ်သွားမယ်လို့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးမြင့်ခိုင်​က အောက်တိုဘာ ၂၇ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

"ဘူသီး​တောင်​မြို့နယ်​ ဂူတာပြင်​​ကျေးရွာမှာ ကျေးရွာမီး​လောင်​ပြီး တဖက်​နိုင်​ငံထွက်​မ​ပြေးဘဲ ​နီစပ်​ရာ​ကျေးရွာတွေမှာ နေထိုင်​​နေကြတဲ့ မိသားစု​တွေအတွက်​ အိမ်​​ခြေ ၁၄၁ အိမ် ​တည်​​ဆောက်​​ပေးသွားမှာဖြစ်​ပါတယ်​။”

အိမ်​အမျိုးအစားက သိန်း ၂၀ တန်​ ​မျောတိုင်​​မြေစိုက်​အိမ်​၊ ၀ါးထရံကာဖြစ်ပြီး အခုလ ပွင့်လင်းရာသီ စတင်​တည်​​ဆောက်​မယ်လို့ သိရပါတယ်။

ဂူတာပြင်​​ကျေးရွာ တာဝန်ခံ အဒူလာမိန်​က ​“မီးမ​လောင်​ဘဲ ကျန်​ခဲ့တာ အိမ်​​ခြေ ၅၀ ​ကျော်​ရှိပါတယ်။ အခု ယာယီအိမ်​​ဆောက်​​နေတာက​တော ၄၆ လုံးရှိပါတယ် အခုအစိုးရက ၁၄၁ အိမ်​ဆို​တော့ ​လုံ​လောက်​​မူရှိပါတယ်” လို့ ပြောပါတယ်။

ဂူတာပြင်ကျေးရွာမှာ ကျန်​မား​ရေး​ ဆေး​ပေးခန်း​ မရှိသေးဘဲ စာသင်​​ကျောင်းတော့ ဖွင့်ထားပြီး ကျေးရွာက ခန့်​အပ်​ထားတဲ့ ဆရာ​တွေနဲ့ သင်​ပြ​နေရတယ်လို့ ဆိုပါတယ်။

ဂူတာပြင်​ကျေးရွာမှာ ခုလက်​ရှိ လူဦး​ရေ ၉၀၀ ​ကျော် နေထိုင်​နေပြီး အကြမ်းဖက်မှု မဖြစ်ပွားခင်က ​လူဦး​ရေ ၁၈၀၀ ကျော်​နဲ့ ​နေအိမ်​ ၃၀၀ ​ကျော်​ကြောင်း သိရပါတယ်။

ဘူသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဟာ ပြီးခဲ့တဲ့နှစ် အကြမ်းဖက်မှုဖြစ်စဉ်တွေကြာင့် မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ တချို့မိသားစုတွေ ဘင်္ဂလားဒေ့ရှ်ကို နေရပ်စွန့်ခွာထွက်ပြေးသွားကြပြီး တချို့က နီးစပ်ရာ ဆွေမျိုတွေအိမ်မှာ နေထိုင်နေကြတာပါ။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013