DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့တွင် တရားမ၀င် ကျွန်းပရိဘောဂများ ဖမ်းမိ
DVB
·
October 29, 2018
ညောင်လေးပင်မြို့တွင် တရားမ၀င် ကျွန်းပရိဘောဂများ ဖမ်းမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က ၁၂ ဘီးယာဉ် ၁ စီးပေါ်ကနေ ကျွန်းနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးက ပြောပါတယ်။

ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၉၅/၁) အနီးမှာ မြို့နယ်သစ်တောနဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်းစံလင်း မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်အား စစ်ဆေးရာမှ ကျွန်းနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

မြို့နယ်သစ်တောဦးစီးမှူး ဦးလှိုင်ထူးက “ကျနော်တို့ သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ စောင့်ဆိုင်စစ်ဆေးနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ စစ်ဆေးရာမှာ မုန့်ဖာတွေနဲ့ ဖုံးဖိသယ်လာတဲ့ကားပေါ်မှာ ကျွန်းနဲ့ ပြုလုပ်ထားတဲ့ ကနုက်ပန်း-ပန်းထွင်း-ပန်းဖောက် စတဲ့ ပရိဘောဂပစ္စည်းမျိုးစုံကို ဖမ်းဆီးရမိတာပါ။ ကျနော်တို့ သစ်တောဥပဒေနဲ့အညီ အရေးယူမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ဆေးတိုင်းတာချက်အရ ကျွန်းနဲ့ပြုလုပ်ထားတဲ့ ကျွန်းကနုတ်ပန်း-ပန်းထွင်း- ပန်းဖောက် ပရိဘောဂပစ္စည်းမျိုးစုံ စုစုပေါင်း ၈၃၂ ခု ၃.၅၆ တန်လောက်၊ ဒေသပေါက်ဈေး ၂၁ သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

တရားမ၀င် ကျွန်းပရိဘောပစ္စည်းတွေ တင်ဆောင်လာသူ ယာဉ်မောင်း စံလင်းကို ညောင်လေးပင်မြို့ သစ်တောဦးစီးမှူးက သစ်တောဥပဒေပုဒ်မ ၄၃ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013