DVB Logo
Home
မြန်မာသတင်း
တရက်အတွင်း ကြည့်ရှုသူ ၄ သိန်းကျော်ရှိနေသည့် နီနီခင်ဇော်သီ၏ ခင့်မှာတမ်းသီချင်း (ရုပ်သံ)
DVB
·
October 29, 2018
တရက်အတွင်း ကြည့်ရှုသူ ၄ သိန်းကျော်ရှိနေသည့် နီနီခင်ဇော်သီ၏ ခင့်မှာတမ်းသီချင်း (ရုပ်သံ)
Donate to DVB

“မောင့်ကိုလည်းမှာတမ်းခြွေသည်… ဆောင်းရာသီအမီ… မျှော်ကာမှန်းဆလို့ရည် … ခင်တယောက်တည်းလွမ်းလှပြီ… ပျိုပျိုမေ လှမ်းလို့ကြိုသည်… အလှအပတွေစီ… နံ့သာမှုန်း… ခင်အပြုံးပန်းဝေစီ”

ဒါကတော့ အွန်လိုင်းပေါ်မှာ လတ်တလောနာမည်ကြီးနေတဲ့ နီနီခင်ဇော် သီဆိုသ ရုပ်ဆောင်ထားခဲ့တဲ့ ခင်မှာတမ်းအမည်ရတဲ့ သီချင်းစာသားတွေ ဖြစ်ပါတယ်။

ဒီသီချင်းထဲမှာတော့ ကိုလိုနီခေတ်ကလို အပြင်အဆင် ၀တ်စားဆင်ယင်မှုတွေနဲ့ အဖြူအမည်း ရုပ်ရှင်ဇာတ်ဝင်မြင်ကွင်းပုံစံ ရိုက်ကူးပုံဖော်ထားခဲ့တာကို တွေ့ရပါတယ်။

“မောင်လာရာလမ်း… တမ်းတကာရည်… ခင်ပျိုမေ… မောလှပါပြီ… ချောနှမဒေဝီ … နေညိုချိန်လဲ့လဲ့ရီ… ဘယ်ဆီဝယ်မှန်းဆကာ…. ပြတင်းပေါက်ထံမှီ… မောင်တကယ် ကိုရောက်လုရင်… ဆီးလို့ကြိုမည်… မူယာနွဲ့နှောင်း… တေးသံညီ”

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နီနီခင်ဇော်က ချစ်သူ ကိုငြိမ်းမောင်အလာကို စောင့်ကြိုရင်း သီချင်းသီဆိုဟန်နဲ့ မူဟန်နွဲ့နွဲ့ သရုပ်ဆောင်ထားခဲ့ပြီး ကိုငြိမ်းမောင်ပြန်ရောက်ချိန်မှာ ပျော်ရွှင်စွာ အဆုံးသတ်ခဲ့တာကို တွေ့ရပါတယ်။

ခေတ်ပေါ်သီချင်းရော မြန်မာသံသီချင်းတွေပါ ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်ရုံမကပဲ သူ့ရဲ့ ဒီသီချင်းထဲက သရုပ်ဆောင်မှုအပေါ်ကိုတော့ ပရိသတ်တွေ၊ အနုပညာရှင်တွေက မှတ်ချက်ပေး ချီးကျူးနေခဲ့ကြတာပါ။

ဒီရုပ်သံ ဗွီဒီယိုဖိုင်ကိုတော့ နီနီခင်ဇော်ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှတဆင့် အောက်တိုဘာ ၂၈ ရက်နေ့က မျှဝေထားခဲ့တာဖြစ်ပြီး တရက်အတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ The Best Of Melody World 2018 သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အတွဲခွေတွေမှာရော၊ တကိုယ်တော်တေး အယ်လ်ဘမ်တွေပါ ထွက်ရှိထားခဲ့ပြီး ပရိသတ်အားပေးမှု ရရှိနေသူတဦးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013