DVB Logo
Home
မြန်မာသတင်း
တည်ဆောက်ရေးရပ်ထားရသည့် ပုသိမ်ဆေးရုံ ၉ ထပ်အဆောက်အဦကို သမ္မတစစ်ဆေး (ရုပ်သံ)
DVB
·
October 29, 2018
တည်ဆောက်ရေးရပ်ထားရသည့် ပုသိမ်ဆေးရုံ ၉ ထပ်အဆောက်အဦကို သမ္မတစစ်ဆေး (ရုပ်သံ)
Donate to DVB

စာချုပ်ပါအတိုင်း မတည်ဆောက်တာကြောင့် တည်ဆောက်ရေးရပ်နားထားရတဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးရှိ ၉ ထပ် အဆောက်အဦကို နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။

တည်ဆောက်ရေးရပ်နားထားတဲ့ ပုသိမ်ပြည်သူ့ဆေးရုံ ၉ ထပ်အဆောက်အဦအသစ်ကို သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာ ၂၈ ရက်နေ့က ရွှေသောင်ယံ တံတားဖွင့်ပွဲအပြီး ပုသိမ်ကို ပြန်အလာမှာ ၀င်ရောက်စစ်ဆေးခဲ့တာပါ။

နိုင်ငံတော်သမ္မတဟာ ဆေးရုံမှာ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး တံခါးပိတ် ဆွေးနွေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ပုသိမ်ဆေးရုံ ၉ ထပ်အဆောက်အဦကို အရင်အစိုးရလက်ထက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှာ တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၅ ဇူလိုင်လမှာ Royal Lotus ဆောက်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။

အစိုးရသစ်လက်ထက်စစ်ဆေးတဲ့အခါမှာတော့ စာချုပ်ပါအတိုင်း မတည်ဆောက်တာ၊ စာချုပ်မှာမပါတဲ့ ငွေကြေးတွေကို ထပ်မံတောင်းခံတာကြောင့် တည်ဆောက်မှုကို ရပ်ခိုင်းထားပြီး ပြည်ထောင်စုအစိုးရနဲ့ တိုင်းအစိုးရပေါင်းကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးထား တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013