DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး အစည်းအဝေးများ တက်ရောက်မှု ယာယီဆိုင်းငံကြောင်း အတိုင်ပင်ခံထံ ကေအန်ယူ စာပို့
DVB
·
October 28, 2018
ငြိမ်းချမ်းရေး အစည်းအဝေးများ တက်ရောက်မှု ယာယီဆိုင်းငံကြောင်း အတိုင်ပင်ခံထံ ကေအန်ယူ စာပို့
Donate to DVB

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လတ်တလော ကျင်းပမယ့် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဦးမှာ မဟုတ်ဘူးလို့ ကရင်အမျိုးအသားအစည်းအရုံး (ကေအန်ယူ) က ဒေါ်အောင်ဆန်းစုကြည်ကို စာပေးပို့လိုက်ပါတယ်။

ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို လိပ်မူပေးပို့လိုက်တာပါ။

အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက်နေ့တွေက နေပြည်တော်မှာ လုပ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ သီးသန့်အစည်းအဝေး သဘောတူညီချက်တွေကို အဖွဲ့အစည်း ထဲမှာ ပြန်ပြီးချပြတာ၊ ဆွေးနွေးတာ၊ အတည်ပြုတာ၊ ညှိနှိုင်းတာနဲ့ ဆုံးဖြတ်ချတာတွေ ဆောင်ရွက် ရမယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုအသစ်ဖြစ်တဲ့ ယန္တရား၊ မူဘောင်နဲ့ ဆုံးဖြတ်ချက်ချမယ့် ပုံစံကို အားလုံးနားလည်ဖို့နဲ့ သဘောတူညီမှု ရယူရမယ်လို့လည်း ဆိုပါတယ်။

အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ ပါဝင်မှုဖြစ်ဖို့၊ အဖွဲအစည်းတခုလုံး တညီတညွတ်တည်းပါဝင်ဖို့ လုံလောက်တဲ့ အချိန်ကာလတခု ရယူဖို့လိုတဲ့ အတွက် လတ်တလော ကျင်းပမယ့် အစည်းအဝေးတွေမှာ ကေအန်ယူ ပါဝင်တာကို ယာယီ ရပ်ဆိုင်းထားတယ်လို့ အသိပေး အကြောင်းကြားတယ်လို့ စာမှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရန်ကုန်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးကို ကျင်းပဖို့ ရှိနေပြီး ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် အပါအဝင် အပစ်ရပ်လက်မှတ်မထိုးထားတဲ့ ၅ ဖွဲ့ကို တက်ရောက်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက ဖိတ်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013