DVB Logo
Home
မြန်မာသတင်း
နေအိမ်အတွင်း အိပ်ပျော်နေသည့် မိသားစု ၃ ဦး မိုးကြိုးပစ်ခံရ သေဆုံး
DVB
·
October 28, 2018
နေအိမ်အတွင်း အိပ်ပျော်နေသည့် မိသားစု ၃ ဦး မိုးကြိုးပစ်ခံရ သေဆုံး
Donate to DVB

ပဲခူတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီမြို့နယ် ဖိုးခေါင်ကျေးရွာအုပ်စု ဘိုကုန်းရွာမှာ အောက်တိုဘာ ၂၈ မနက်အစောပိုင်းက နေအိမ်အတွင်း အိပ်ပျော်နေတဲ့ မိသားစု သုံးဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖိုးခေါင် နယ်မြေ ရဲစခန်းက သိရပါတယ်။

သမီးဖြစ်သူနေတဲ့ တဲဘက်မိုးကြိုးပစ်သံကြားလို့ သွားကြည့်ရာမှာ သားမက်ဖြစ်သူ ကိုဗေဒါ (၄၀) နှစ်၊ သမီးဖြစ်သူ ဒေါ်နီနီ (၃၈) နှစ် နဲ့ မြေးဖြစ်သူ မချစ်သက်ဝေ (၈) နှစ်တို့ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့လို့ ရွာလူကြီးတွေကို အကြောင်းကြားခဲ့တယ်လို့ သေဆုံးသူ ဒေါ်နီနီရဲ့ ဖခင် ဦးမြငွေက ပြောပါတယ်။

သေဆုံးမူနှင့်ပတ်သက်ပြီး စံရွေးနယ်မြေ ရဲစခန်းမှ ရဲအုပ်တင်မောင်ဝင်းက တရားလိုပြုလုပ်ကာ သေမှု သေခင်းအမှတ်စဉ် (၇/၂၀၁၈) နဲ့ ဓမ္မတာ အတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ စံရွေးနယ်မြေရဲစခန်းက သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013