DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်နှင့်မောင်တောတွင် အဝေးသင်တက္ကသိုလ်စာမေးပွဲ စတင်စစ်ဆေး
DVB
·
October 28, 2018
ဘူးသီးတောင်နှင့်မောင်တောတွင် အဝေးသင်တက္ကသိုလ်စာမေးပွဲ စတင်စစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့မှာ အဝေးသင်တက္ကသိုလ်စာမေးပွဲ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်စစ်ဆေးနေကြပါတယ်။

၂၀၁၈ အဝေးသင်တက္ကသိုလ် (စစ်တွေဌာနခွဲ) ဘူးသီးတောင် မောင်တောရှိ ဒုတိယအသုတ် အဝေးသင်ကျောင်းသား/သူတွေကို အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အနီးကပ်သင်ကြားပေးခဲ့ပြီး အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ စားမေးပွဲးစစ်ဆေးသွားမယ်လို့ တွဲဖက်ပါမောက္ခနော်ဘလူဆဲက ပြောပါတယ်။

ဒုတိယအသုတ် အဝေးသင်စာမေးပွဲမှာ ဘူးသီးတောင်မြို့မှာ ဖြေဆိုသူ ၂ ယောက်ရှိပြီး မောင်တောမြို့မှာ ဖြေဆိုသူ ၁ ယောက်သာ ရှိပါတယ်။ တတိယအသုတ် အဝေးသင်စားမေးပွဲ မှာ ဖြေဆိုမယ့် ကျောင်းသား/သူ ဦးရေ ဘူသီးတောင်မြို့မှာ ၂၃၆ ယောက်နဲ့ မောင်တောမြို့မှာ ၇၂ ယောက် ရှိတယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေကြောင့် အစ္စလမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ ပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးနေခဲ့ရပြီး ၅ နှစ်အကြာမှာ အခုလို အဝေးသင်တက္ကသိုလ်ဌာနခွဲတွေကို ဖွင့်လှစ်ကာ ပညာသင်ကြားခွင့်ရရှိရေး စီစဉ်ဆောင်ရွက် ပေးလာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013