DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 27, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆ဝ ဝင် ၁ အိတ်ကို ၇ဝ၄ဝဝဝ  ပေါက် ဈေးရှိပြီး ၁ အိတ်ကို ၃၉ဝဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၆၅ဝဝဝ ကနေ ၇၁ဝဝဝ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန် နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၆ဝဝ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအဟောင်းက ၁ အိတ်ကို ၅၃၅ဝဝ  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၉ဝဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅ဝဝဝဝ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၅ဝဝ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၃၅ဝဝ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲလွန်းဖြူ

ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၅၄.၂၅ ပိဿာဝင် ၁ အိတ်ကို ၆၄ဝဝဝ ကနေ ၇၂၄ဝဝ ပေါက်ဈေးရှိပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၇၅ဝဝဝ ကနေ ၈၂ဝဝဝ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂ဝဝဝ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၉၆ဝဝ ဈေးကွာ ခြားမှုရှိပါတယ်။

ပဲကြီး

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၁ဝ၅ဝဝဝ ကနေ ၁၃ဝဝဝဝ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁ဝဝဝဝ ဈေး တက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၂၃ဝဝဝ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၇ဝဝဝ ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၄၆ဝဝဝ ကနေ ၁၄၇ဝဝဝ  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁ဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၄၄ဝဝဝ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ မုံရွာ ကုန်စည်ဒိုင် ၁ အိတ်ကို ၂ဝဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်က ၁ အိတ်ကို ၂ဝဝဝဝဝ ကနေ ၂၁ဝဝဝဝ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁ဝဝဝဝ ကျပ်ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၈ဝဝဝဝ ကနေ ၁၉၅ဝဝဝ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၁၅ဝဝဝ ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013