DVB Logo
Home
မြန်မာသတင်း
လာမည့်နှစ် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပြုမည်
DVB
·
October 27, 2018
လာမည့်နှစ် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပြုမည်
Donate to DVB

လာမယ့်နှစ်မှာ ဘယ်မောင်းကားတွေကိုပဲ တင်သွင်းခွင့်ပြုမှာဖြစ်ပြီး လူစီးယာဉ်တွေအတွက် အနိမ့်ဆုံး ၂၀၁၆ ခုနှစ်ထုတ်ဖြစ်ရမယ်လို့ မော်တော်ယာဉ်တင်သွင်းတာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၉ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းရာဖို့ သတ်မှတ်ခုနှစ်တွေကို မနေ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်တာပါ။

ယာဉ်အို၊ ယာဉ်ဟောင်းအစီအစဉ်နဲ့ တင်သွင်းတဲ့ လူစီးယာဉ်တွေအတွက် ၂၀၁၆ ခုနှစ်၊ လူပုဂ္ဂိုလ် တယောက်ချင်းအစီအစဉ်နဲ့ တင်သွင်းမယ့် လူစီးယာဉ်တွေအတွက် ၂၀၁၇ ခုနှစ်ထုတ် အနိမ့်ဆုံး ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေအတွက်ကတော့ ဘယ်လိုပုံစံနဲ့ တင်သွင်းတာ ဖြစ်ပါစေ ၂၀၁၅ ခုနှစ် အနိမ့်ဆုံးဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ပြည်ပက လှူဒါန်းတဲ့မော်တော်ယာဉ်ပါမစ် လျှောက်တာအပါအဝင် ပုံမှန် လိုင်စင်နဲ့ လျှောက်ထားရာမှာ လူစီးယာဉ်တွေက ၂၀၁၇ ခုနှစ်၊ လုပ်ငန်းသုံးယာဉ်တွေ၊ သာသနာရေးယာဉ်တွေနဲ့ ခရီးသည်တင် ယာဉ်တွေအတွက် ၂၀၁၅ ခုနှစ်၊ ယန္တရားတွေ၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်တွေ ကတော့ ၂၀၁၀ ခုနှစ် အနိမ့်ဆုံးထားပြီး တင်သွင်းရမှာပါ။

အစိုးရဌာနတွေက မော်တော်ယာဉ်လျှောက်ထားရာမှာတော့ လူစီးယာဉ်တွေကို ၂၀၁၇ ခုနှစ်၊ လုပ်ငန်းသုံးနဲ့ ခရီးသည်တင်ယာဉ်တွေက ၂၀၁၅ ခုနှစ်နဲ့ ယန္တရားတွေကတော့ ၂၀၁၀ ပြည့်နှစ် အနိမ့်ဆုံးသတ်မှတ်ပေးထားပါတယ်။

ဒီယာဉ်တွေအားလုံးဟာ ဘယ်မောင်းတွေပဲ ဖြစ်ပြီး ၂၀၁၉ ခုနှစ်ထုတ် အမြင့်ဆုံး တင်သွင်းရမှာပါ။

နိုင်ငံတော်အတွက် လှူဒါန်းတဲ့ မီးသတ်နဲ့ လူနာတင်ယာဉ်တွေကို ၂၀၀၇ ခုနှစ်မော်ဒယ်အထိ လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး အများပြည်သူသုံးလမ်းတွေမှာ မောင်းနှင်တာ မဟုတ်တဲ့ မြေတူးစက်၊ မြေညှိစက်၊ ကရိန်း၊ ကတ္တရာခင်းစက် စတဲ့ လုပ်ငန်းသုံးယန္တရားတွေကို လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ထုတ်လုပ်ခဲ့တာဆိုရင် တင်သွင်းခွင့်ပြုမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဝယ်ယူတာအတွက် ယာဉ်အို၊ ယာဉ်ဟောင်းအစီအစဉ်၊ လူပုဂ္ဂိုလ် တယောက်ချင်းအစီအစဉ်မှာ သတ်မှတ်ထားတဲ့အတိုင်း အရောင်းပြခန်းတွေက ဝယ်ယူခွင့် ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013