DVB Logo
Home
မြန်မာသတင်း
၂၇ ပါတီထုတ်ပြန်ချက် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်မလိုဟုဆို
DVB
·
October 27, 2018
၂၇ ပါတီထုတ်ပြန်ချက် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်မလိုဟုဆို
Donate to DVB

ပါတီခေါင်းဆောင်တွေ သဘောတူညီချက်နဲ့ ထုတ်ပြန်တဲ့ ၂၇ ပါတီရဲ့ထုတ်ပြန်ချက်ဟာ ပါတီဗဟိုအလုပ်အမှူဆောင် အစည်းဝေးဆုံးဖြတ်ချက် မလိုအပ်ဘူးလို့ လမ်းပြကြယ်ပါတီနဲ့ မဟာမိတ်တောင်သူလယ်သမားပါတီတွေက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ (ရန်ကုန်ရုံး) မှာ ၂၇ ပါတီတွေ့ဆုံဆွေးနွေးပွဲအပြီး ဒီဗွီဘီသတင်းဌာနကို သီးခြားဖြေကြားလိုက်တာပါ။

အောက်တိုဘာ ၂၂ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ အကြောင်းကြားထုတ်ပြန်ချက်အပေါ် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ စက်တင်ဘာ ၃ဝ ရက်နေ့က ထုတ်ပြန်ကြေညာချက်မှာပါဝင်တဲ့ လမ်းပြကြယ်ပါတီနဲ့ မဟာမိတ်တောင်သူလယ်သမားပါတီ ဗဟိုအလုပ်အမှူဆောင်တွေက ပါတီခေါင်းဆောင်တွေ လက်မှတ်ရေးထိုးထုတ်ပြန်ချက်ဟာ ပါတီကို ကိုယ်စားမပြုဘူးလို့ UEC ကို တိုင်ကြားခဲ့တာပါ။

UEC က ထုတ်ပြန်ချက်မှာပါဝင်တဲ့ ပါတီတွေရဲ့အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်းကို နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပေးပို့ဖို့ ထုတ်ပြန်ခဲ့ပါတယ်။

လမ်းပြကြယ်ပါတီရဲ့ဒုဥက္ကဋ္ဌ ဦးထွန်းနိုင်က “ပါတီခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ CEC အစည်းအဝေးသဘောတူညီချက် မလိုပါဘူး။ UEC အနေနဲ့ကလည်း အခုလိုတိုင်ကြားချက်အပေါ် ပါတီ ဗဟိုအလုပ်အမှုဆောင်ရဲ့ သဘောထားကို ပြန်လည်စစ်ဆေးသင့်တယ်” လို့ပြောပါတယ်။

UEC ရဲ့ အစည်းအဝေးမှတ်တမ်းပေးဖို့ ထုတ်ပြန်ကြေညာချက်အပေါ် အကြောင်းကြားစာ ပြန်ပို့သွားမယ်လို့ မဟာမိတ်တောင်သူလယ်သမားပါတီ ဥက္ကဋ္ဌ ဦးဆန်းလင်းက ဆိုပါတယ်။

UECရဲ့ အခုလို ထုတ်ပြန်ချက်ကို ၂၇ ပါတီ ထပ်မံဆွေးနွေးပြီး ကြေညာချက်ထုတ်သွားမယ်လို့ USDPပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“အရင်ကြေညာချက်တွေမှာ ဘာမှတ်တမ်းမှ မတောင်းဘဲ အခုမှ အစည်းအဝေးမှတ်တမ်းတောင်းတာကတော့ မလုပ်သင့်ပါဘူး။ UEC အနေနဲ့ ပါတီတွေအပေါ် ဥပဒေနဲ့အညီ ဆက်ဆံစေချင်ပါတယ်” လို့ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013