DVB Logo
Home
မြန်မာသတင်း
မဂ္ဂါဝပ် ၃ဝ လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် မြိတ်အများပိုင်ကုမ္ပဏီ ရရှိ
DVB
·
October 27, 2018
မဂ္ဂါဝပ် ၃ဝ လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် မြိတ်အများပိုင်ကုမ္ပဏီ ရရှိ
Donate to DVB

မြိတ်မြို့တွင် မဂ္ဂါဝပ် ၃ဝ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရဖို့ မြိတ်အများပိုင်က ခွင့်ပြု ချက်ရရှိခဲ့ကြောင်း သိရပါတယ်။

မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းဆောင် ရွက်နိုင်ဖို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်၊ ရွှေစိမ်းလန်းစွမ်းအင် ကုမ္ပဏီလီမိတက်နဲ့ KHAN ကုမ္ပဏီတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၂၆ ရက်နေ့က ထားဝယ်မြို့၊ တိုင်ဒေသကြီး အစည်းဝေးခန်းမမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

“၆ လအတွင်းမှာ အကောင်ထည်ဖော် ဆောင်ရွက်မှာပါ။ ဒီထက်မြန်အောင်လည်း ကြိုးစား ဆောင်ရွက်သွားမှာပါ။ တဖက်ကလည်း မြိတ်မြို့ရဲ့ စည်ပင်သာယာရေး ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမှိုက်ကနေ လျှပ်စစ်ထုတ်ယူဖို့ ဆောင်ရွက်မှာပါ။ တနေ့ကို တန် ၃ဝဝ လောက် အမှိုက်စွန့်ပစ်ရင် အမှိုက်ကနေ လျှပ်စစ်ထုတ်နိုင်မယ် ၁ဝ မဂ္ဂါဝပ်လောက်ထုတ်ယူ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အမှိုက်ကနေ ထုတ်ယူနိုင်မယ်ဆိုတော့ တယူနစ်ဈေးနှုန်းကို အထောက်အကူဖြစ်နိုင်တယ်။ တိုင်းဒေသကြီးအစိုးရကလည်း မြိတ်အများပိုင်ကို လျှပ်စစ်ထုတ်ယူဖြန့်ဖြူး ခွင့်ပေးထားပြီး ဖြစ်တဲ့အတွက် ၃ဝ မဂ္ဂါဝပ်အတွင်း ပေါင်းစပ်ထုတ် ယူနိုင်အောင်ဆောင်ရွက်မှာပါ" လို့ စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က ပြောပါတယ်။

ကိုရီးယားကုမ္ပဏီ ဖြစ်တဲ့ KHAN ကုမ္ပဏီမှ FO လောင်စာဆီနဲ့ လျှပ်စစ်ထုတ်ယူမှာဖြစ်ပြီး ရန်ကုန်မြို့ရှိရွှေစိမ်းလန်း ကုမ္ပဏီနဲ့ မြိတ်အများပိုင် ကုမ္ပဏီတို့ ပူးပေါင်းပြီး လျှပ်စစ်မီး သွယ်တန်းပေးမယ်လို့ သိရပါတယ်။

လျှပ်စစ်မီး ၁ ယူနစ်ဈေးနှုန်းကို လက်ရှိ မသတ်မှတ်နိုင်သေးဘဲ ဖြန့်ဖြူးတဲ့အချိန်မှ ပြောနိုင်မှာဖြစ်ကြောင်း၊ လက်ရှိဈေးနှုန်းထက် အများကြီး သက်သာနိုင်မယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013