DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် တောင်နှင်မြောက် စိတ်ဝမ်းမကွဲဘဲ ညီညွတ်ကြရန် အတိုင်ပင်ခံ တိုက်တွန်း
DVB
·
October 27, 2018
ချင်းပြည်နယ် တောင်နှင်မြောက် စိတ်ဝမ်းမကွဲဘဲ ညီညွတ်ကြရန် အတိုင်ပင်ခံ တိုက်တွန်း
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း စိတ်ဝမ်းမကွဲဘဲ စည်းလုံးညီညွတ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုဟ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်ရှိ နတ်မတောင်(ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်နဲ့ ရိုးရာယဉ်ကျေးမှုပြခန်းတွေကို သွားရောက်ကြည့်ရှုတဲ့ ခရီးစဉ်အတွင်း အခုလို ပြောကြားခဲ့တာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

“ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်အစိုးရ အနေဖြင့် ဦးစားပေးအလိုက် စဉ်တိုက်ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် ချင်းပြည်နယ်ကို တောင်ပိုင်းနှင့် မြောက်ပိုင်းမခွဲခြားဘဲ ညီညီညွတ်ညွတ်ရှိကြရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း အလားအလာကောင်းမွန်သည့် နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်ကို ပြည်နယ်သူပြည်နယ်သားများက အမြတ်တနိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း။”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကောင်းကင်နန်းတော် ဟိုတယ် ခေါ်နူးစုမ်ခန်းမမှာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့မိ မြို့ဖတွေ၊ တာဝန်ရှိသူတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

လမ်း၊ တံတား၊ ကျောင်း ဖောက်လုပ်တည်ဆောက်နေမှုအခြေနေတွေ၊ ဆေးရုံတွေကို အဆင့်မြှင့်တင်တာနဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ဖြည့်ဆည်းမှု၊ လျှပ်စစ်ဓာတ်အားရရှိရေး စတဲ့ကိစ္စ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို ဦးစားပေး ဆောင်ရွက် ပေးနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကျင်ဒွေးရွာကို မြို့အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေပြီး မကြာမီ မြှင့်တင် ပေးနိုင်တော့မယ်လို့ ဆိုပါတယ်။

နတ်မတောင်(ခေါနူးစုမ်)တောင်ဟာ ချင်းပြည်နယ်မှာ အမြင့်ဆုံးတောင်မကြီး တခုဖြစ်ပြီး အမြင့်ပေ ၁၀၅၀၀၊ စုစုပေါင်းဧရိယာ အကျယ်အ၀န်း ၁၇၆၂၀၂ ဧက (၂၇၅ ဒသမ ၃၅ စတုရန်းမိုင်) ရှိကာ ဂေဟစနစ်နဲ့ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အရေးပါတဲ့ နယ်မြေတခုလည်းဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာမျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်တဲ့ မျက်ခုံးဖြူငှက်ပြာခြောက်ကျက်စားရာ မူလနေရင်းဒေသဖြစ်တာကြောင့် ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် လွန်စွာအရေးပါတဲ့  နေရာဒေသတခုဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013