
ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်က မဲဆန္ဒရှင်ပြည်သူတွေ စိတ်ဝင်စားမှု အားနည်းနေတယ်လို့ မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။
မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်ကျော်က "မဲစာရင်း နှစ်ခါကြေညာတာ လာကြည့်တဲ့ မဲဆန္ဒရှင် ၂၀ ရာခိုင်နှုန်းသာရှိပြီး စိတ်ဝင်စားမှု တော်တော်အားနည်းပါတယ်။
ကော်မရှင်အဖွဲ့ဝင်၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးထားပါတယ်။ လစ်လပ်နေတဲ့ မင်းဘူးမဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
မင်းဘူးမြို့ ရှမ်းစုရပ်ကွက်နေ မဲဆန္ဒရှင် ဒေါ်ခင်လပြည့်ဝင်းက "စီးပွားရေး အဆင်မပြေကြတာရယ်၊ အရမ်းမျှော်လင့်ထားတဲ့ပါတီက ရပ်ကွက်လမ်းသေးသေးလေး တလမ်းတောင် လုပ်မပေးတော့ စိတ်ဝင်စားမှုကတော့ ၁၀ ခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကော်မရှင်က မဲစာရင်း ကြေညာပေးထားပေမယ့် သွားရောက် ကြည့်ရှုသူ အလွန်နည်းပါးပါတယ်။ ခရိုင်မြို့က ရပ်ကွက်တခုဖြစ်ပေမယ့် ရှမ်းစုရပ်ကွက်မှာ မြို့ပြလမ်း တလမ်းမှ မရရှိခဲ့ပါဘူး။ ပြည်သူကတော့ ဘယ်သူတက်တက် အားကိုးတကြီး ရွေးချယ်တင်မြှောက်ပေးတာဖြစ်ပြီး အားမကိုးရရင်လည်း ပြန်ပြီး ဒုက္ခမပေးရင် ကျေနပ်ပါပြီ" လို့ ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာ မင်းဘူး (စကု) မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူ ၆၈၄၁၄ ဦးကနေ မဲရုံပေါင်း ၉၆ ရုံမှာ လစ်လပ်နေတဲ့ တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲန္ဒနယ် အမှတ် ၂ နေရာအတွက် မဲပေးရွေးချယ်ကြမှာပါ။
သတင်း-မင်းထီး











