DVB Logo
Home
မြန်မာသတင်း
ခွဲခြားဖိနှိပ်အနိုင်ကျင့်မှုများကို ဆက်လက် ဆန့်ကျင်မည်ဟု ကျားခေါင်းပါတီကြေညာ
DVB
·
October 26, 2018
ခွဲခြားဖိနှိပ်အနိုင်ကျင့်မှုများကို ဆက်လက် ဆန့်ကျင်မည်ဟု ကျားခေါင်းပါတီကြေညာ
Donate to DVB

လောကပါလတရားနဲ့ ဖီလာဆန့်ကျင်တဲ့ မညီမျှခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ် အနိုင်ကျင့်ခြင်းနဲ့ တရားမဲ့ပြုကျင့်ခြင်းတွေကို ဆက်လက်ဆန့်ကျင်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီထူထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားမှာ ကြေညာလိုက်ပါတယ်။

တရားမျှတတဲ့လူ့ဘောင်သစ် ပေါ်ထွန်းလာဖို့  နိုင်ငံရေးအင်အားစုတွေနဲ့အတူ လက်တွဲကြိုးပမ်းသွားမယ်လို့လည်းပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“လွတ်လပ်ရေးအတူတူ ရယူခဲ့ကြတဲ့ လူမျိုးတွေ၊ တိုင်းရင်းသားတွေ၊  ပြည်ထောင်စုကြီးကို အတူတူတည်ဆောက်လာတဲ့ တိုင်းရင်းသားတွေ ဒီနေ့ထိ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုကို မခံစားရသေးဘူး။ အဲဒါကိုဖျက်လိုဖျက်ဆီလုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ လူစုတွေရှိနေတယ်။ အဲဒီလိုအခြေအနေမျိုး ဆက်ရှိနေသရွေ့ ကျနော်တို့နိုင်ငံက ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး၊ တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာလည်း စဉ်းစားလို့တောင်ရအုံးမှာမဟုတ်ဘူး”

စနစ်အားဖြင့် ဖိနှိပ်ခြင်း၊ လူပုဂ္ဂိုလ်အားဖြင့် ဖိနှိပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအရ အမျိုးမျိုးဖိနှိပ်ခံရတာတွေရှိနေပြီး လူတစ်စုက ဖိနှိပ်တာထက်  စနစ်အားဖြင့် စနစ်တကျ ဖိနှိပ်နေတာမျိုးရှိတယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။

“ဖိနှိပ်နေတဲ့စနစ်ကို လူထုအားဖြင့်သော်လည်းကောင်း၊ တရားဥပဒေနည်းလမ်းအားဖြင့်ေ သ်ာလည်းကောင်း ဆန့်ကျင်သွားမယ်၊ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမှုအား နည်းနေပေမယ့် ပါတီအနေနဲ့ တရားဥပဒေမှ လွတ်ကင်းတဲ့ အပြုအမူမျိုးကိုတော့ လုပ်ဆောင်မှာမဟုတ်ဘဲ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အားပေးမှာမဟုတ်ဘူး”

ဒ့ါအပြင် အမျိုးသားတန်းတူ​ရေး၊ ကိုယ်​ပိုင်​ပြဌာန်းခွင့်​ရရှိ​ရေးနဲ့ ဖက်​ဒရယ်​ ပြည်​​ထောင်​စု တည်​​ဆောက်​​ရေးလုပ်​ငန်း​တွေ ဆက်​လက်​အ​ကောင်​​ထည်​​ဖော်​သွားမယ်လို့လည်း ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်​။

ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးကတော့ မြန်​မာနိုင်​ငံဟာ အဖက်ဖက်က​ ကျဆင်း​နေတာကို ဝိုင်းပြီးအ​ဖြေရှာဖို့လိုပါတယ်​လို့ ပြောသွားပါတယ်​။

ရှမ်းတိုင်းရင်းသားများ ဒီမိုက​ရေစီအဖွဲ့ချုပ်​ SNLD ပါတီအနေနဲ့  ပြည်​​ထောင်​စုကို ဘယ်​​တော့မှ သစ္စာမ​ဖောက်​ဘူးလို့ ဒီကနေ့ ​တောင်​ကြီး မြို့ရှမ်း စာ​ပေယဉ်​​ကျေးမှုခန်းမမှာ ကျင်းပတဲ့နှစ်​ ၃၀ ပြည့်​ပါတီထူ​ထောင်​ခြင်း အခမ်းအနားမှာ ပါတီ အထွေထွေအတွင်းရေးမှူး  ဦးစိုင်းညွန့်​ လွင်​ကလည်း ​ပြောပါတယ်။

ပါတီအနေနဲ့ နှစ်​​ပေါင်း ၃၀ အတွင်း ငြိမ်းချမ်း​ရေး မလိုလားသူ၊ ပြည်​​ထောင်​စု ပြိုကွဲ ​စေသူဆိုတဲ့ တခြားသူ သံသယအမြင်​နဲ့ရင်​ဆိုင်​​နေရတယ်​လို့လည်း ဆိုပါတယ်​။

ပါတီ နှစ် ၃၀ပြည့် အခမ်းအနားကို မိတ်​ဖက်​နိုင်​ငံ​ရေး ပါတီ​တွေက သဝဏ်​လွာ​ပေးပို့ပြီး ရှမ်းပြည်​နယ်​ နိုင်​ငံ​ရေး သမားတွေ၊ မိတ်​ဖက်​နိုင်​ငံ​ရေး ပါတီတွေ၊ ပြည်​သူ့လွှတ်​​တော်​ ဒုဥက္ကဋ္ဌ၊ ပြည်​​ထောင်​စုဝန်​ကြီး​ဟောင်း ဦး​အောင်​မင်း၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ရှမ်းပြည်​နယ်​၊ ကချင်​ပြည်​နယ်​၊ ကယားပြည်​နယ်​၊ မန္တ​လေးတိုင်း၊ စစ်​ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းရှိ ပါတီဝင်​ ၂၀၀၀ ​ကျော်​တက်​​ရောက်​ခဲ့ကြပါတယ်​။

သတင်း-နန်းမြနဒီ၊ ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013