DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ကို ဝေဖန်ခဲ့သူအား ထောင်ဒဏ် ၆ လ ချမှတ်
DVB
·
October 26, 2018
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ကို ဝေဖန်ခဲ့သူအား ထောင်ဒဏ် ၆ လ ချမှတ်
Donate to DVB

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဦးအောင်သန်းဝေကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ဒီနေ့ ချမှတ်လိုက်ပါတယ်။

Aung Than wai ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်မှာ လူသတ်လက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု တရားခံ ဘယ်သူလဲ ဆိုတဲ့ စာသားကို ဦးတင်မောင်ဆွေရဲ့ခါးကြားမှာ သေနတ်ထိုးထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာပါ။

ဒါ့အပြင် အရပ်သားသေဆုံးတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဦးတင်မောင်ဆွေမှာ တာဝန်ရှိကြောင်း ဦးအောင်သန်းဝေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ထောက်ပြခဲ့ပါတယ်။

အကြောင်းအရာတခု လွဲမှားမှုတခုကို ဥပဒေနှစ်ရပ်နဲ့ အပြစ်ဒဏ်ပေးတာကြောင့် ဒါဟာဥပဒေအကြောင်းအရ လွဲမှားမှုဖြစ်နေတယ်လို့ ထောင်ဒဏ်ချမှတ်ရသူ ဦိးအောင်သန်းဝေက သတင်းထောက်တွေကို ပြောပါတယ်။ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာနဲ့ ပတ်သက်လို့ အယူခံဝင်ဖို့ အစီစဉ်မရှိတော့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာ ကျင်းပဖို့လုပ်ထားတဲ့ ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံ အချုပ်အချာအာဏာကျဆုံးခြင်း ဝမ်းနည်းမှုအခမ်းအနားကို အာဏာပိုင်တွေ တားမြစ်ရာမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ရာမှာ ၇ ဦးသေဆုံးခဲ့ပြီး အမြောက်အမြားဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ဦးအဓိကရုဏ်းနဲ့ ရခိုင်လူငယ် ၈ ဦးထောင်ဒဏ် ၈ လ အသီးသီးကျခံခဲ့ပေမယ် အရပ်သား ၇ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးမှုနဲ့ ပတ်သက်လို့တော့ တစုံတရာ အရေးမှု ပြုလုပ်တာ မတွေ့ရသေးဘူး။

ဦးတင်မောင်ဆွေဟာ မကြာသေးခင်က စစ်ကိုင်းတိုင်းဒေသကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်သန်းဝေကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ-၁၀ နဲ့ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ပုဒ်မ-၅၀၆ တို့နဲ့ ထောင်ဒဏ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013