DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 26, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ဝင် တအိတ်ကို ၆၆၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၆၅၀၀၀ ကနေ ၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အဟောင်းက တအိတ်ကို ၅၁၆၀၀  ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၄၅၀၀၀ ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၆၁၀၀ ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ V2 ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၆၈၀၀၀ ကနေ ၆၉၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၇၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင် တအိတ်ကို ၁၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၄၆၀၀၀ ပေါက်ဈေးရှိပြီး မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၄၄၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၂၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စားအုန်းဆီက တပိဿာကို ၁၇၅၀ ရှိပြီး မကွေးကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၇၇၀ ကနေ ၁၇၈၀ ရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၈၅၀ ကနေ ၁၀၀၀ ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၈၅၀ ကနေ ၁၁၀၀ ရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013