DVB Logo
Home
မြန်မာသတင်း
ကျားအစစ်များဖြင့် ရိုက်ကူးထားသည့် မှော်ဝင်သမန်းကျားရုပ်ရှင် (နမူနာ)
DVB
·
October 26, 2018
ကျားအစစ်များဖြင့် ရိုက်ကူးထားသည့် မှော်ဝင်သမန်းကျားရုပ်ရှင် (နမူနာ)
Donate to DVB

ထိုင်းနိုင်ငံမှာ ကျားအစစ်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အဆိုတော် သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ ကျောက်ဆူးရုပ်ရှင် ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ထမံသီကျေးရွာက လူကနေ ကျားဖြစ်သွားတဲ့ ဂမ္ဘီရဆန်ဆန်၊ သည်းထိတ်ရင်ဖိုဇာတ်လမ်းကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျားအစစ်တွေနဲ့ ရိုက်ကူးထားခဲ့တာပါ။

ဒီရုပ်ရှင်ကားကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်ကျပ် သိန်း ၃ ထောင်ကျော်လောက် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

ဒီကားထဲမှာတော့  ခွန်းဆင့်နေခြည်နဲ့အတူ ရန်အောင်၊ မင်းမော်ကွန်း၊ သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်စတဲ့ သရုပ်ဆောင်တွေက အတွဲညီညီ ပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ အင်္ဂလိပ်နဲ့ ထိုင်းလို စာတန်းထိုးပေးထားပြီး အာဆီယံ ဒေသတွင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသသွားမယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ကား Trailer ဟာလည်း ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်း ကျော်ထိ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013