DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့တွင် သိမ်းဆည်းမြေပြန်ရရေး တကိုယ်တော် ဆန္ဒထုတ်ဖော်
DVB
·
October 26, 2018
ငဖဲမြို့တွင် သိမ်းဆည်းမြေပြန်ရရေး တကိုယ်တော် ဆန္ဒထုတ်ဖော်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက အဓမ္မသိမ်းဆည်းခံ မြေနေရာ အမြန်ပြန်လည်ရ ရှိရေး တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်​။

တကိုယ်​​တော်​ ဆန္ဒထုတ်​​ဖော်​သူ ပေါက်ကြီး(ခ)အောင်နိုင်လင်း က “၉၇-၉၈ ​လောက်​က စိမ်းစိုက​နေ သိမ်းထားတာ။ ကျနော့်မိဘတွေနဲ့အတူ ကျနော်တို့ ငယ်​စဉ်​ကတည်းက ​နေခဲ့တဲ့ ​မြေ​နေရာပါ။ အဲဒီတုန်းက​တော့ မင်းတို့အိမ်​ဖျက်​လိုက်​ မဖျက်​ရင်​မီးရှို့မယ်​ပြောပြီး သိမ်းစည်းခဲ့တာ၊။ မြေအကျယ်​အဝန်း​က​တော့ ဒသမ ၇၀ ​ကျော်​ပဲရှိတာပါ။ မ​ကွေးတိုင်း ဝန်​ကြီးချုပ်​ကိုလည်း စာနှစ်​​ဆောင်​ပို့ဖူးတယ်​။ ငဖဲမြို့နယ်​ အုပ်​ချုပ်​​ရေးနဲ့ ကိုယ်​စားလှယ်​​တွေကိုလည်း စာနှစ်​ကြိမ်​ပို့ဖူးတယ်​။ အဲလိုပို့ထားပြီး ကျနော့်ကို လာ​ရောက်​ စစ်​​ဆေးခဲ့​ပေမယ့် အခုဆိုရင်​ ၁ ​နှစ်​နဲ့ ၁ ​လ ​ရောက်​ရှိပြီး ဘာမှ အ​ကြောင်းမပြန်​လို့ အခုလို ဆန္ဒထုတ်​​ဖော်​ရတာ” လို့ ​ပြောပါတယ်​။

ငဖဲမြို့နယ်​တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်စားလှယ်​ ဦးခင်​​မောင်​လွင်​က “​သိမ်းဆည်းမြေနှင့်အခြားလယ်​ယာ​မြေ စိစစ်​​ရေး​ကော်​မတီအ​နေနဲ့​တော့ စိစစ်​ဆုံးဖြတ်​ချက်​ အကြံပြုချက်​​တွေကို တိုင်း​ဒေသကြီး အစိုးထံ ​ပေးပို့ထားပြီး ဖြစ်​ပါတယ်​။ အခုဆန္ဒ​ဖော်​ထုတ်​တဲ့ ​ပေါက်​ကြီး ​မြေ​နေရာမှာ သူ့အပြင်​ အခြားတ​​ယောက်​ကပါ ပိုင်​ဆိုင်​​ကြောင်း တင်​ပြလာတာလည်း ရှိ​နေ​တော့ အဲဒါ​ကြောင့် ကြန့်ကြာ​နေတာပါ။ ဘယ်​သူရသင့်​တယ်၊​ မရသင့်ဘူးလို့​တော့ ကျနော်​တို့ လုပ်​ခွင့်မရှိပါဘူး၊ လယ်​ယာ​မြေ မှုခင်းဖွင့်ပြီး ​ဆောင်​ရွက်​ရမယ်​” လို့ ​ပြောပါတယ်​။

အဆိုပါ တကိုယ်တော် ဆန္ဒထုတ်ဖော်ရာမှာ ပဒါန်းသစ်ဆိပ်မှ ပုသိမ်း-မုံရွာလမ်းအတိုင်း၊ ရင်ရှည်မောင်တံဂိတ်အနီး၊ ရင်ရှည်မောင်းတံအနီးမှ ပဒါန်းလမ်းဆုံအထိ အသွားပြန် ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013