DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ AA Electronics စက်ရုံမီးလောင်၊ ပျက်စီးဆုံးရှုံးမှုများပြား (ဓာတ်ပုံ)
DVB
·
October 26, 2018
လှိုင်သာယာ AA Electronics စက်ရုံမီးလောင်၊ ပျက်စီးဆုံးရှုံးမှုများပြား (ဓာတ်ပုံ)
1 / 5
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃၊ ဘုရားလမ်း ( ကျန်စစ်သားလမ်း) အမှတ် ၄ ရှိ  AA Electronics လျှပ်စစ်ပစ္စည်းစက်ရုံမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက် ည ၉ နာရီခွဲလောက်က စတင်မီးလောင်ခဲ့ရာမှာ မီးသတ်တပ်ဖွဲ့ဝင်တွေ အများအပြားနဲ့ Level 4 အဆင့်သတ်မှတ် မီးငြှိမ်းသတ်ခဲ့ရပြီး  နောက်တနေ့ မနက် ၂ နာရီ ၁၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မီးလောင်ရာနေရာကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြို့တော်ဝန် ဦးမောင်မောင်စိုးတို့အပါအ၀င် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေ သွားရောက်ခဲ့ကြပြီး မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ-Yangon Mayor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013