DVB Logo
Home
မြန်မာသတင်း
ဆုကြေညာချိန်ဝမ်းသာပြီး ခေတ္တသတိမေ့လဲကျသွားသည့် Miss Grand International 2018 သရဖူဆုရှင် ပါရာဂွေးအလှမယ်
DVB
·
October 26, 2018
ဆုကြေညာချိန်ဝမ်းသာပြီး ခေတ္တသတိမေ့လဲကျသွားသည့် Miss Grand International 2018 သရဖူဆုရှင် ပါရာဂွေးအလှမယ်
Donate to DVB

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ Miss Grand International 2018 အလှမယ်ပြိုင်ပွဲမှာ ပါရာဂွေးနိုင်ငံကိုယ်စားပြုအလှမယ် ကလာရာ ဆိုဆာက ရရှိသွားခဲ့ပါတယ်။

ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့ညပိုင်းက ရန် ကုန်မြို့၊ The One Entertainment Park မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Miss Grand International ဆုရရှိသွားတဲ့ သရဖူဆုရှင်ကို ကြေညာချိန်မှာတော့ ပါရာဂွေးအလှမယ်ဟာ မိနစ်ပိုင်းလောက် ကြမ်းပြင်ပေါ်ကို မူးမေ့လဲကျသွားခဲ့တဲ့အတွက် သက်ဆိုင်ရာ ပွဲစီစဉ်သူတွေက ပြုစုခဲ့ကြရတာပါ။

1st Runner up ဆုကို အိန္ဒိယအလှမယ်ကရရှိခဲ့ပြီး 2nd Runnwr Up ဆုကိုတော့ အင်ဒိုနီးရှားအလှမယ်နဲ့ 3rd Runner Up, 4th Runner Up ဆုတွေကိုတော့ ပွာတိုရီကိုနဲ့ ဂျပန်အလှမယ်တွေက အသီးသီးရရှိခဲ့ပါတယ်။

2nd Runner Up ဆုရရှိခဲ့တဲ့ အင်ဒိုနီးရှားအလှမယ်ကတော့ ပေါ်ပြူလာ အဖြစ် ဆုံးဆုကို ရရှိသွားခဲ့ပြီး အလှဆုံးညနေခင်းဝတ်စုံဆုကိုတော့ ထိုင်းအလှမယ်က ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်အတွက် Miss Grand International 2018 အလှမယ်ပြိုင်ပွဲမှာတော့ မြန် မာအလှမယ် ဆုမြတ်ဖူးက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရိုးရာဝတ်စုံအလှဆုမှာတော့ ဆန်ကာတင်သာဝင်ခဲ့ပါတယ်။

Miss Grand International ပြိုင်ပွဲက ၆ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာတော့ ထိုင်းနိုင်ငံမှာကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ Las Vegas နဲ့ ၂၀၁၇ ခုနှစ်မှာတော့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တာပါ။

စစ်ပွဲနဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ Miss Grand International ပြိုင်ပွဲတွေမှာ ပေါ်တိုရီအလှမယ်၊ သြစတြေးလျ အလှမယ်၊ အင်ဒိုနီးရှား အလှမယ်နဲ့ ပီရူးအလှမယ်တို့က အနိုင်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြု အေးချမ်းမိုးက ယှဉ်ပြိင်ခဲ့တာပါ။

ဓာတ်ပုံ-Miss Grand International

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013