DVB Logo
Home
မြန်မာသတင်း
သီတင်းကျွတ်လပြည့်နေ့ ပလောင်နှင့် ရှမ်းတပ်တိုက်ပွဲကြောင့် နမ္မတူရွာသားများထွက်ပြေး
DVB
·
October 25, 2018
သီတင်းကျွတ်လပြည့်နေ့ ပလောင်နှင့် ရှမ်းတပ်တိုက်ပွဲကြောင့် နမ္မတူရွာသားများထွက်ပြေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ထဲမှာ မြောက်ပိုင်း မဟာမိတ်တပ်တွေဖြစ်ကြတဲ့ TNLA ပလောင်တပ်နဲ့  SSPP ရှမ်းပြည်တပ်မတော်တို့ ပူးပေါင်းပြီး RCSS ရှမ်းပြည်တပ်မတော်နဲ့ မနေ့က တိုက်ပွဲ ဖြစ်ပွားလို့ အနီးနားရှိ ရွာပေါင်း ၅ ရွာက ရွာသားတွေ ရာနဲ့ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ မနက်က မိုင်းရင်ကျေးရွာအုပ်စု ခိုခမ်းဘုန်းတော်ကြီး ကျောင်းမှာ  ရွာသားတွေ တံခွန်တိုင်စီတန်းလှည့်လည်ပြီး အလှူအတန်းပြုဖို့ ပြင်ဆင်နေကြစဉ် သေနတ်သံ ကြားရတဲ့အတွက် အကုန်ထွက်ပြေးကြရတယ်လို့ ခိုခမ်းရွာသူကြီး လုံးစာရိန်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တိုဆီမှာ တိုက်ပွဲဖြစ်တာတော့ မကြာခဏပါ။ ဒါပေမယ့် သီတင်းကျွတ်အခါ  ရိုးရာဓလေ့ အလှူအတန်းရှိတော့ ၂ ရက် ၃ ရက်တွင်း ပစ်ခတ်တာတွေမလုပ်ဖို့ ရှမ်းတပ် (RCSS) ဘက်ကို ကြိုတင်တောင်းပန်ထားခဲ့တယ်၊ သူတို့ကလည်း စိတ်ချပါ။ ကျနော်တို့ မပစ်ပါဘူးလို့ပြောတယ်။ မနေ့မနက် ၃ နာရီခွဲလောက်က စပြီးတော့မှ ရွာနဲ့ ကိုက် ၁၀၀ ကျော် ၂၀၀ လောက်ပဲဝေးတဲ့ လွယ်မွန်မိုင်တောင်ပေါ်မှာ သေနတ်သံတွေ ကြားရတော့တာပဲ။”လို့ ပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့်  အဲဒီတကြောမှာရှိတဲ့ ခိုခမ်း၊ ကောင်းကဲ၊ ၀မ်ဟီး၊ နားမွန်၊ နောင်ပါ စတဲ့ ရွာပေါင်း  ၅ ရွာက လူတွေ ၀ိန်းနန်ရွာဘက်ကို တချို့၊ နမ္မတူဘက်ကို တချို့ ထွက်ပြေး သွားကြတယ်လို့ သူကြီးက ဆက်ပြောပါတယ်။

“မနေ့က ညနေ ၃ နာ၇ီကျော်လောက်ထိ သေနတ်သံကြားရတုန်းပဲ၊ ဘုန်းကြီးကျောင်းလဲ မတက်ဖြစ်တော့ပါဘူး။  ကျနော်တို့ လုပ်ထားတဲ့ တံခွန်တိုင်လည်း မလှူရတော့ဘူး။ တရားလည်း မနာရဘူး။ တချို့လဲ ဘုန်းကြီးကျောင်း ရောက်ပြီးမှထွက်ပြေးတယ်။ တချို့လည်း ကျောင်းတောင် မတက်ရဘူး အိမ်ကနေ ထွက်ပြေးတာပဲ။”

ဒီကနေ့မှာတော့ ပစ်ခတ်မှုတွေ ငြိမ်သွားလို့ ၀ိန်းနန်ရွာဘက်ကို ထွက်ပြေးသွားတဲ့ လူ ၂၀၀ ကျော်ဟာ ခိုခမ်းရွာကို ပြန်လာပြီဖြစ်ပြီး နမ္မတူဘက်ရှောင်သွားတဲ့အုပ်စုတော့ ပြန်မလာသေးဘူးလို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော် RCSS ဟာ စစ်ရေးမဟာမိတ်  ပူးတွဲလှုပ်ရှားတဲ့နယ်မြေထဲကို ၀င်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ရကြောင်းနဲ့  မနေ့ မနက် ၃ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ နမ္မတူမြို့နယ် ကန်းကဲကျေးရွာနဲ့ နမ့်တက်ကျေးရွာမှာလည်းကောင်း၊ ဒီကနေ့မနက် ၁၁ နာရီကျော်မှာ  သီပေါမြို့နယ်၊ လွယ်လမ်တောင်အနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ PSLF/TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013