DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း ယာဉ်တိုက်မှုကြောင့် လူပေါင်း ၄၀၀၀ ခန့် သေဆုံးပြီး မနှစ်ကထက်ပိုများလာ
DVB
·
October 25, 2018
နိုင်ငံတ၀န်း ယာဉ်တိုက်မှုကြောင့် လူပေါင်း ၄၀၀၀ ခန့် သေဆုံးပြီး မနှစ်ကထက်ပိုများလာ
Donate to DVB

အခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာလအထိ တနိုင်ငံလုံးမှာ ယာဉ်တိုက်မှုကြောင့် လူပေါင်း ၄၀၀၀ လောက်သေဆုံးခဲ့ပြီး မနှစ်ကထက် ပိုများလာတာကို တွေ့ရပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ ၂ နှစ်စာ နှိုင်းယှဉ်ဖော်ပြထားတဲ့ ဇယားအရ ၂၀၁၇ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၁၃၄၅၈ မှု ဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ ၁၃၀၆၀ ဖြစ်ခဲ့ပါတယ်။

မနှစ်က လူပေါင်း ၃၈၅၄ ယောက် သေဆုံးပြီး ဒီနှစ်မှာ ၃၈၉၉ ယောက် သေဆုံးတာကြောင့် ယာဉ်တိုက်မှု နည်းသွားပေမယ့် လူသေတာက ပိုများလာတာပါ။ ဒီနှစ်မှာ ရန်ကုန်တိုင်းက ယာဉ်တိုက်မှု ၂၀၃၇ မှုနဲ့ အများဆုံးဖြစ်ပြီး လူ ၂၄၂၉ ယောက် ဒဏ်ရာရ၊ ၄၄၄ ယောက် သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်းကတော့ ၁၇၂၅ မှုဖြစ်ပြီး တတိယ အများဆုံးဖြစ်ပေမယ့် ၂၅၇၅ ယောက် ဒဏ်ရာရ၊ ၅၆၄ ယောက် သေဆုံးခဲ့ကြောင့် ဒဏ်ရာရ၊ သေဆုံးသူ အများဆုံးဖြစ်ပါတယ်။

ပဲခူးတိုင်းမှာတော့ ၁၈၀၅ မှု ဖြစ်ခဲ့လို့ ယာဉ်တိုက်မှု ဒုတိယ အများဆုံးဖြစ်ပြီး လူပေါင်း ၂၈၇၉ ယောက် ဒဏ်ရာရလို့ ဒဏ်ရာရသူမှာတော့ အများဆုံးဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ မနှစ်က ယာဉ်တိုက်မှု ၁၃၄၅၈ မှု၊ ဒဏ်ရာရသူ ၂၁၇၇၁ ယောက်၊ သေဆုံးသူ ၃၈၅၄ ယောက် ရှိပါတယ်။ ဒီနှစ်မှာတော့ ယာဉ်တိုက်မှု ၁၃၀၆၀ မှု၊ ဒဏ်ရာရသူ ၁၉၉၁၉ ယောက်နဲ့ သေဆုံးသူ ၃၈၉၉ ယောက် ရှိပါတယ်။

ဒီနှစ်အတွင်း အမြန်လမ်းမှာ ယာဉ်တိုက်မှု ၃၄၁ မှုဖြစ်ပြီး ဒဏ်ရာရသူ ၆၂၉ ယောက်နဲ့ သေဆုံးသူ ၆၅ ယောက် ရှိလို့ မနှစ်ကနဲ့ ယှဉ်ရင်တော့ လျော့သွားတာကို တွေ့ရပါတယ်။

ယာဉ်တိုက်မှု တိုးလာတဲ့ဒေသတွေကတော့  ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013