DVB Logo
Home
Lead Story
ကြည့်ရှုသူ ၇ သိန်းကျော်ရှိ ချစ်စမ်းမောင်တို့ သားအဖ၏ မြူးမြူးကြွကြွ Tik Tok အက (ရုပ်သံ)
DVB
·
October 25, 2018
ကြည့်ရှုသူ ၇ သိန်းကျော်ရှိ  ချစ်စမ်းမောင်တို့ သားအဖ၏ မြူးမြူးကြွကြွ Tik Tok အက (ရုပ်သံ)
Donate to DVB

နာမည်ကြီး Iron Cross တီးဝိုင်းမှ ၀ါရင့် ဂစ်တာသမား ချစ်စမ်းမောင်တို့ သားအဖ ၂ ဦး TiK Tok မှာ မြူးမြူးကြွကြွကခုန်ထားကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ လတ်တလော ရေပန်းစားနေခဲ့ပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို သမီးဖြစ်သူ ငဲငယ်လေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော်ရှိနေခဲ့တာပါ။

ချစ်စမ်းမောင်ဟာ ဂီတလောကမှာ နာမည်ကြီးပြီး နှစ်ကာလကြာရှည် ရပ်တည်နိုင်ခဲ့တဲ့ အနုပညာရှင်တဦးဖြစ်သလို သမီးဖြစ်တဲ့ ငဲငယ်လေးဟာလည်း လက်ရှိမှာတော့ ဂီတလမ်း ကြောင်းပေါ်ကို လျှောက်လှမ်းနေပြီး တကိုယ်တော် တေးအယ်လ်ဘမ်တချပ်ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ချစ်စရာကောင်းတဲ့ ဂီတသားအဖ ၂ ဦးရဲ့ အပျော်တမ်းရိုက် ယူထားခဲ့တဲ့ ကကွက်တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013