DVB Logo
Home
မြန်မာသတင်း
သမန္တာလမ်းဆုံ သစ်ဖုလှဘုရားကျောင်းနှင့် ကဗျာတောအုပ်
DVB
·
October 25, 2018
သမန္တာလမ်းဆုံ သစ်ဖုလှဘုရားကျောင်းနှင့် ကဗျာတောအုပ်
1 / 9
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရဲ့ အရှေ့ဘက် ကျောက်တန်း၊ သမန္တာလမ်းဆုံ သစ်ဖုလ ဘုရားကျောင်းဝင်းနားမှာ တောအုပ်လေးတခုရှိပါတယ်။

သစ်ပင်တွေနဲ့ စိမ်းစိုနေတဲ့ အဲဒီတောအုပ်လေးထဲမှာပဲ “ကဗျာတောအုပ်” ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့ ဝင်ပေါက်တခုရှိပြီး ဒီထဲမှာတော့ ကဗျာတွေ ရေးထွင်းထားတဲ့ ကျောက်ပြားတွေ စိုက်ထူထားတဲ့ နေရာလေးတခုရှိနေပြန်ပါတယ်။

စဉ်စားတွေးခေါ်စရာ ကဗျာစာသားတွေ၊ တရားရစရာ အကြောင်းအရာတွေကို ကျောက်ပြားဖြူဖြူတွေ ပေါ်မှာ ထွင်းထားတာပါ။

ဒါကို လုပ်ထားတာကတော့ သစ်ဖုလှ ဘုရားကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးဇင်းဖြစ်သူ ကဗျာဆရာ လင်းဝေက စိုက်ထူထားတာပါ။

“ဦးဇင်းက ကဗျာတွေကို ငယ်ကတည်းက ချစ်တာကြောင့်ရယ်၊ ပြီးတော့ ဘုရားကျောင်းကို လာကြတဲ့ လူငယ်တွေရဲ့ အိမ်အပြန်မှာ ကဗျာတောအုပ်လေးကနေ  အသိတခုခု ပါသွားစေချင်တာရယ်၊ စာဖတ်အားကျဆင်းလာတဲ့ ကနေ့ခေတ်မျိုးမှာ ဒီလို ကဗျာလေးတွေကို ကျောက်ပြားထွင်းပြီး သစ်ပင်လေးတွေအောက် ထားမယ်ဆို  ဖတ်ကြတန်ကောင်းပါရဲ့ ဆိုတဲ့ အတွေးရယ်၊ နောက် ဘာသာတရားရယ်၊ အနုပညာရယ်ဟာ လူ့စိတ်ကို သင်ပြနိုင်တဲ့အရာတွေမို့ ဒီ ၂ မျိုး ကို တန်ဖိုးထား ထိန်းသိမ်း သင့်တယ်လို့လည်း စိတ်ကူးမိလို့ လုပ်ဖြစ်ခဲ့တယ်ဆိုပါတော့” လို့ ပြောပါတယ်။

ခု နောက်ပိုင်းမှာတော့ ဒီ ကဗျာတောအုပ်ကို သီးသန့်လာကြည့်ကြသူတွေ တော်တော် များလာတယ် လို့လည်း ဆိုပါတယ်။

ဒီမှာ ထားဖို့ ကဗျာတွေကို ဘယ်လိုစည်းကမ်းနဲ့မှ ရွေးတာမဟုတ်ဘဲ ကိုယ်ကြိုက်တဲ့ ကဗျာတွေ့ရင် အစိမ်း အကျက်မခွဲဘဲ ကျောက်ပြားထွင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တအုပ်လုံးကြိုက်တဲ့ ကဗျာစာအုပ်ဆိုရင်တော့  စာအုပ်ထဲက တပိုဒ်လောက်ကို စာထွင်းပြီး စာအုပ်အမည်ကို ညွှန်းပြထားလိုက်တယ်လို့ ဆိုပါတယ်။

“နောက် ထူးခြားချက်က  ကဗျာကျောက်ပြားအောက်ခြေမှာ ခုနှစ်၊ ရက်စွဲမထည့်ပါဘူး။ ဘာလို့ မထည့်တာလဲဆိုရင် ကဗျာကို ရက်၊နှစ် ကန့်သတ်ချက်မထားချင်လို့ပါ။ ကဗျာတောအုပ်လေး မှာ ကဗျာတွေဟာ နှစ်သက္ကရာဇ်က ကင်းလွတ်ပြီး ရှိနေစေချင်လို့ပါ။ ပြန်ချုပ်ရရင်တော့ ကိုယ်က ကဗျာကို ချစ်မြတ်နိုးလွန်းလို့ရယ်၊ ကဗျာလေးတွေရယ်၊ တောအုပ်သစ်ပင်လေးတွေရယ်၊ ကျေးငှက်သံလေးတွေရယ်၊ တရားဓမ္မရယ်၊ ဒီအရာတွေကြားမှာ နေထိုင်ရတာ စိတ်ချမ်းသာလို့ ဖြစ်ပါတယ်။ မိမိ ဘုရားကျောင်းလေးက ပြန်သွားသူတယောက် ရင်ထဲမှာ အေးချမ်းမှုရယ်၊ အသိ တခုခုရယ်  ရရှိပိုင်ဆိုင်ပြီးမှ ပြန်သွားစေလိုပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျောက်ပြား ၁၇ ချပ် စိုက်ထူထားပြီး နောက်ထပ် ၁၀ ချပ်လောက် ထပ်စိုက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောပါတယ်။

ဓာတ်ပုံ - မောင်မျိုးမြတ်၊ လင်းဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013