DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကို လွှတ်တော်အမတ်က အမှုဖွင့်
DVB
·
October 25, 2018
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကို လွှတ်တော်အမတ်က အမှုဖွင့်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို အန်အယ်လ်ဒီပါတီဝင်ဟောင်း လွှတ်တော်အမတ် ဦးတင်အောင်ထွန်းက အောက်တိုဘာ ၂၃ ရက်နေ့က  မင်းဘူးမြို့မ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ဒေါက်တာမျိုးညွန့်ကို မင်းဘူးမြို့မရဲစခန်းမှာ (ပ)၁၁၄၈/၂၀၁၈ လူပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်မှုနှင့် ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၁၀နဲ့ အမှုဖွင့်ထားတာလို့ မြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်​။

ပါတီကနေ နုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေါက်တာမျိုးညွန့်ရဲ့ ပြောဆိုချက်တွေဟာ  ဂုဏ်သိက္ခာ ထိခိုက်စေတဲ့အတွက် ခုလို အမှုဖွင့်လိုက်တာလို့ လွှတ်တော်အမတ် ဦးတင်အောင်ထွန်းက  ဒီဗွီဘီကိုပြောပါတယ်။

“လွန်ခဲ့တဲ့ ၉လပိုင်း ၂၃ ရက်နေ့ ပါတီဝင်အဖြစ် မခံယူတော့ဘူးဆိုတဲ့ စာတင်ထားတာနဲ့ ပတ်သက်ပြီး ကျနော့်ကို ပါတီက ပါတီအလှူငွေ ကျပ် ၂၅၀၀၀၀ မထည့်ချင်လို့၊ တင်းကြပ်တဲ့ ပါတီစည်းကမ်းတွေကို မလိုက်နာနိုင်လို့ ထွက်သွားတယ်လို့ သူတို့ကို တိုင်စာထဲမှာ ရေးပြီး ထွက်သွားတယ်လို့ ပြောဆိုမှုတွေက မမှန်ကန်ပါဘူး။ ဒီလိုပြောဆိုမှုကြောင့် ကျနော့် အပေါ်မှာ ပါတီဝင်တွေ၊  မဲဆန္ဒရှင်ပြည်သူတွေ၊ ကျနော်ရဲ့ ပတ်ဝန်းကျင်မှာ အကုန်လုံးက ဒီလိုအမြင်မျိုးတွေနဲ့ ယုံကြည်သွားပြီ ကျနော့်ရဲ့ ဂုဏ်သိက္ခာတွေ အင်မတန်ထိခိုက်ပါတယ်” လို့ ပြောပါတယ်။

အမှုဖွင့်တာနဲ့ ပတ်သက်ပြီး ဒေါက်တာမျိုးညွန့်က “တရားရုံးကိုရောက်နေတဲ့ ကိစ္စဖြစ်တာကြောင့် ဒီအပေါ်မှာ ဘာမှတ်ချက်မှ မပေးလိုပါဘူး။ အခုလိုတိုင်ကြားတဲ့အတွက် ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိခဲ့တဲ့အပြင် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ခြင်းအားဖြင့် အခုလို လုပ်လာလိမ့်မယ်လို့မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

လက်​ရှိအချိန်ဟာ  ကြားဖြတ်​​ရွေး​ကောက်​ပွဲကာလဖြစ်​​နေလို့ ​ရွေး​ကောက်​ပွဲကာလပြီးမှဘဲ ဒီအမှုကို ဆက်​လက်​စစ်​​ဆေးနိုင်မယ်လို့  မင်းဘူးမြို့မရဲစခန်းက အမှုစစ်​ စခန်းမှူး ဒုရဲမှူး မြင့်ဇော်​က ဒီဗွီဘီကို ပြောပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013