DVB Logo
Home
Lead Story
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
October 25, 2018
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
Donate to DVB

ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

    မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Action, Adventure, Comedy အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ နှစ်သက်ကြမယ့် Airstrike !

    ဒီကားကိုတော့ တရုတ်ရုပ်ရှင်ဒါရိုက်တာ Xiao Feng က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

    ဒုတိယကမ္ဘာစစ်ကာလကို အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဂျပန်လေတပ်တွေဟာ တရုတ်နိုင်ငံ၊ Chongqing မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ကြိုးစား ချိန်မှာ ခုခံကာကွယ်ကြတဲ့ အကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး ကြမ်း ကြမ်းရမ်းရမ်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

    ဒီကားထဲမှာတော့ နာမည်ကြီး တရုတ်၊ အမေရိကန်၊ ကိုရီးယား၊ ဟောင်ကောင် သရုပ်ဆောင် မင်းသားတွေဖြစ်ကြတဲ့ Liu Ye, Bruce Willis, Song Seung- Heon, William Chan တို့နဲ့အတူ တခြားသရုပ်ဆောင်တွေအများကြီးက ခေါင်းဆောင်ပါဝင် ထားကြတာ ဖြစ်ပါတယ်။

    ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၆၅ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာတော့ Rating 7.3 အထိ ရရှိထားတာ ဖြစ်ပါတယ်။

    ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ နဲ့ ဇာတ်ဝင်ခန်းပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

    ကြာမြင့်ချိန်မိနစ် ၁၂၀ ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ Mandarin နဲ့ English ဘာ သာစကားတွေ အသုံးပြုထားပြီး လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။

    နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Hollywood Drama ရုပ်ရှင်ပရိသတ်တွေအတွက်ပါ။ Viper Club လို့ အမည်ရပါတယ်။

    ဒီကားကိုတော့ အီရန်-အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Maryam Keshavarz က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

    ပဋိပက္ခတွေနဲ့ စစ်ပွဲကြား တာဝန်နဲ့ သတင်းသွားယူရင်း အကြမ်းဖက်သမားတွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စစ်သတင်းထောက်သားဖြစ်သူအတွက် ခံစားရတဲ့ မိခင် တဦးရဲ့ သောကကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာပါ။ အစိုးရက ဒီကိစ္စအ ပေါ် မသိကျိုးကျွန်ပြုပြီး ဘာတာဝန်မှ မယူနိုင်ခဲ့တဲ့အခါ  ဘာတွေဆက်ဖြစ်လာမလဲ။ မိခင်ဖြစ်သူကရော ဘာတွေဆက်လုပ်နိုင်မလဲ။ သားဖြစ်သူ လွတ်မြောက်နိုင်ဖို့ ဒီအမှုထဲမှာ ဘယ်လိုပါဝင်လာမလဲဆိုတာတွေကို မကြာခင်မှာ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါ တယ်။

    ဒီကားထဲမှာတော့ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ အမေရိကန် ၀ါရင့် သရုပ်ဆောင်မင်းသမီး Susan Sarandon နဲ့ သရုပ်ဆောင်မင်းသား Matt Bomer တို့ က အဓိကဇာတ်ဆောင်တွေ အဖြစ် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ နဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

    Viper Club ရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က  ကနဦးပြသခဲ့ပြီး ဒီကားဟာ IMDb မှာလည်း Rating 6.8 အထိ ရရှိထားတဲ့ ဇာတ်ကားပါ။

    ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာ ဟာသရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် တော်တော်ဖြစ်နေလား !

    ဒီကားကိုတော့ ဖိုးသူတော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နတ်ရဲ(ရူပဗေဒ)ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကျော်သားကြီးက ပုံဖော်ရိုက်ကူးပေးထားခဲ့ တာ ဖြစ်ပါတယ်။

    အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ယောက် ဖြစ်တဲ့ မြင့်မြတ် နဲ့ ညီထွဋ်ခေါင်၊ ညီဖြစ်တဲ့ ညီထွဋ်ခေါင်ကို မျိုးဆက်ချန်ထားစေချင်လွန်းတဲ့ အစ်ကိုကြီးအဖြစ် ကျော်ရဲအောင်။ မြင့် မြတ်နဲ့ ညီထွဋ်ခေါင် သူငယ်ချင်း ၂ ယောက် မန်ယူအသင်းကို ပုံအောလောင်းလိုက်လို့ သိန်းငါးရာ ရှုံးသွားတာကို ပြန်ပေးဖို့ ကြံဖန်ရင်း အလွဲကြီး လွဲခဲ့ရတဲ့ တလွဲတချော် အ ဖြစ်အပျက်တွေကို ဟာသဆန်ဆန် ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

    ဒီကားထဲမှာ သရုပ်ဆောင်မင်းသမီးတွေအနေနဲ့ ရွှေသမီးနဲ့ ခေးဆက်သွင်တို့က လည်း အားဖြည့်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထား ကြတာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဖြစ်ရပ်မှန် War, Drama, Action ပရိသတ်တွေအတွက်ပါ။ Indivisible လို့ အမည်ရပါတယ်။

    ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ David G. Evans က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားဟာ အမေရိကန်စစ်တပ်အရာရှိ Dareen Tuner နဲ့ ဇနီးဖြစ်တဲ့ Heather တို့ အကြောင်း ဖြစ်ရပ်မှန်အခြေပြုရိုက်ကူးထားတာပါ။ သင်တန်းက ဆင်းပြီး ကာစအချိန်မှာ Dareen ဟာ အီရတ်စစ်မြေပြင်မှာ စစ်မှုထမ်းဖို့ စေလွှတ်ခြင်းခံခဲ့ရတယ်။ အဲဒီအချိန်မှာ ဇနီးဖြစ်တဲ့ Heather က လူမမယ်ကလေးငယ်တွေနဲ့ ကျန်နေခဲ့ပြီး ပြုစု စောင့်ရှောက်ခဲ့ရတယ်။ ကြန့်ကြာလွန်းတဲ့ စစ်ပွဲကာလမှာ သူတို့မိသားစု ပြန်လည် ဆုံ တွေ့နိုင်ပါ့မလား။ သူတို့ရဲ့ အိမ်ထောင်ရေးမှာရော ဘယ်လိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

    ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Justin Bruening, Sarah Drew တို့က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင် တွေ အများကြီးက တွဲဖက်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

    ကြမ်းတမ်းတဲ့ စစ်မြေပြင် မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီကားကို အသက် ၁၃ နှစ်အောက် ကလေးငယ် တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထား ပါတယ်။

    ကြာမြင့်ချိန် ၁၁၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ ကြေးကြီးတယ် !

    ဒီကားကိုတော့ R Square ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဈာန်သခင်သွေးရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ စတီးလ်က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားကိုတော့ ၂၀၁၆ ခုနှစ်ကတည်းက ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဥပဒေ ကို လူတိုင်းလေးစားလိုက်နာဖို့ လိုတယ်ဆိုတဲ့အကြောင်းကို အသားပေးရိုက်ကူးထားခဲ့ တာ ဖြစ်ပါတယ်။ ကြေးကြီးတယ်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်ကားထဲက ကြေးကြီးသူက ဘယ်သူဖြစ်မလဲ။ ဒါရိုက်တာ စတီးလ်ရဲ့ ထုံးစံအတိုင်း ဘယ်လိုထူးခြားတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ စောင့်မျှော်ကြည့် ရှုကြရတော့မှာ ဖြစ်ပါတယ်။

    ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ မြင့် မြတ်၊ နေမျိုးအောင်၊ ဇွဲနိုင်ဝင်း၊ ထွန်းကိုကို၊ အိချောပိုတို့က ခေါင်းဆောင် ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။

    ကြေးကြီးတယ် ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာ လည်း Facebook အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေခဲ့တာပါ။

    ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။

ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း စောင့်မျှော်အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013