DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၂၇ ပါတီတွေ့ဆုံဆွေးနွေးမည်
DVB
·
October 25, 2018
ကြံ့ခိုင်ရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၂၇ ပါတီတွေ့ဆုံဆွေးနွေးမည်
Donate to DVB

နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ ပူးတွဲ ကြေညာချက်နဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အစည်းအဝေးမှတ်တမ်းတောင်းထားတဲ့ကိစ္စ သက်ဆိုင်ရာပါတီတွေက ဆွေးနွေးသွားဖို့ရှိနေပါတယ်။

အဲဒီကိစ္စမတိုင်ခင်ကတည်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  အောက်တိုဘာ  ၂၆ ရက် နေ့လယ် ၁ နာရီမှာ တွေ့ဆုံဖို့ ဖိတ်ကြားထားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်ကပြောပါတယ်။

နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ပူးတွဲကြေညာချက်ထုတ်ခဲ့တာနဲ့ပတ်သတ်ပြီး ပါတီတွေအနေနဲ့ သက်ဆိုင်ရာပါတီအသီးသီးက ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့  ကြိုတင်သဘောတူညီ ဆုံးဖြတ်မှုနဲ့ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိနဲ့ သဘောတူညီမှုရှိပါက သဘောတူ ဆုံးဖြတ်ခဲ့တဲ့ အစည်းအဝေး မှတ်တမ်းကို နိုဝင်ဘာ ၁ ရက်နေ့ အရောက် ပြန်လည်တင်ပြဖို့ ကော်မရှင်က အသိပေးခဲ့တာပါ။

လက်ရှိတိုင်းပြည်မှာ စီးပွားရေးနဲ့ လူမှုဘ၀မလုံခြုံမှုတွေဖြစ်နေတဲ့အပေါ် အမြန်ဖြေရှင်းပေးဖို့ အစိုးရကိုတောင်းဆိုတဲ့ ၂၇ ပါတီရဲ့ ပူးတွဲကြေညာချက်ကို သဘောမတူကြောင်း ကန့်ကွက် တိုင်ကြားလာလို့ ကော်မရှင်က ခုလို တောင်းခံလိုက်တာဖြစ်ပါတယ်။

အဲဒီကြေညာချက်မှာပါတဲ့ လမ်းပြကြယ်ပါတီက ပါတီရဲ့ဗဟိုကော်မတီဥက္ကဋ္ဌနဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေအနေနဲ့ ဒီကိစ္စ သိရှိခဲ့ခြင်း မရှိကြောင်း၊ ဒီကြေညာချက်ဟာ ပါတီနဲ့ သက်ဆိုင်ခြင်းမရှိကြောင်းနဲ့ ပါတီစည်းကမ်းကျော်လွန် လုပ်ဆောင်သူကို ပါတီမှအရေးယူ ထုတ်ပယ်သွားမှာ ဖြစ်ကြောင်း  ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မဟာမိတ်တောင်သူလယ်သမားပါတီကလည်း ပါတီဥက္ကဋ္ဌ ဦးဆန်းလင်းဟာ ပါတီတွင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပ သဘောတူညီချက်ရယူ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ တဦးတည်းရဲ့ သဘောဆန္ဒအရ လက်မှတ်ရေးထိုးခဲ့တာဖြစ်လို့ အသိအမှတ်မပြု ကန့်ကွက်ပါကြောင်း ကော်မရှင်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013