DVB Logo
Home
မြန်မာသတင်း
ပြည်သူကို သတင်းမှားများဖြန့်ချိနေသည့် အင်အားကြီးအဖွဲ့ရှိနေဟု NLD သုတေသနအဖွဲ့ပြော
DVB
·
October 24, 2018
ပြည်သူကို သတင်းမှားများဖြန့်ချိနေသည့် အင်အားကြီးအဖွဲ့ရှိနေဟု NLD သုတေသနအဖွဲ့ပြော
Donate to DVB

ပြည်သူတွေကို သတင်းမှားတွေ၊ ပုံဖျက်ထားတဲ့ သတင်းတွေ ဖြန့်ချိနေတဲ့ အင်အားကြီး အဖွဲ့တခုရှိနေပြီး အဲဒီအဖွဲ့ကဟာ အစိုးရကို တိုက်ခိုက်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟို သုတေသန လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။

စနစ်တကျလေ့ကျင့်ထားပြီး ငွေကြေးလည်း တောင့်တင်းတဲ့ အဖွဲ့ဟာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို အဓိက တိုက်ခိုက်နေတယ်လို့လည်း သူက ပြောပါတယ်။

“ပြည်ထောင်စု အစိုးရထက်စာရင် ပြည်နယ်နဲ့တိုင်း အစိုးရတွေကို လူတွေက ပိုပြီး စိတ်ဝင်စားတယ်။ ဒီထဲမှာမှ ရန်ကုန်တိုင်းဆိုရင် နိုင်ငံလူဦးရေရဲ့ ၁၀ ပုံတပုံနေထိုင်ကြလို့ ပိုပြီး တိုက်ခိုက်ခံရတယ်။ ဒါက အဖွဲ့အစည်းတခုခုက လုပ်နေတာ။ သေသေချာချာ လေ့ကျင့်ပေးထားတဲ့ အဖွဲ့” လို့ ပြောပါတယ်။

ဒီအဖွဲ့မှာ မဟာမိတ်အဖွဲ့တွေ၊ အသုံးချခံရမှန်းမသိ အသုံးချခံနေရသူတွေလည်း အများကြီး ရှိတယ်လို့ ဆက်ပြောပါတယ်။ ဒီမတိုင်ခင်ကလည်း ပြည်သူတွေ ကြောက်ရွံ့သွားစေမယ့် သတင်းမှားမျိုးတွေ ဖြန့်ချိတာမျိုးကို လုပ်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

“ဒီအဖွဲ့က ငွေကြေးလည်းရှိတယ်။ လူ ၃၀၀၀ လောက်ရှိတယ်။ သတင်းမှားတွေ ဖြန့်တယ်။ သတင်းမှန်တွေကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင် ပုံဖျက်ပြီး ဖြန့်တယ်။ သတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာတွေမှာ မှတ်ချက်တွေ အုပ်စုလိုက် ဝင်ရေးတယ်။ အင်တာနက်မှာ လုပ်တာအပြင် သြဇာကြီးတဲ့ သူတွေကို ချဉ်းကပ်တာမျိုး၊ စီးပွားရေးသမားတွေကို ချဉ်းကပ်တာ၊ ခြိမ်းခြောက်တာမျိုးတွေလည်း လုပ်တာကိုတွေ့ရတယ်” လို့ ဆိုပါတယ်။

သုတေသန လုပ်ငန်းအဖွဲ့ရဲ့ အခုလို လေ့လာတွေ့ရှိထားတာတွေကို ပါတီကို တင်ပြထားပြီ လို့လည်း သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ဘယ်လို သတင်းမှားမျိုး ဖြန့်နေတာလည်း ဆိုတာ ပြန်ကြည့်ရမယ်။ ရှေ့ပိုင်းကလည်း အဖွဲ့ချုပ်ရဲ့ တံဆိပ်တုံးတွေ၊ လက်မှတ်တွေ အတုလုပ်ပြီးတော့ ခဏခဏ စာအတုတွေ ထွက်ဖူးပါတယ်။ တရားဥပဒေအရ အရေးယူပြန်တော့လည်း ကျနော်တို့ပါတီက၊ အစိုးရက အကဲဆတ်လွန်းတယ်၊ အထိမခံဘူး ဖြစ်ပြန်ရော။ ဒါပေမယ့် သူတို့လုပ်ရပ်က ဥပဒေမဲ့လွန်းရင်တော့ ဥပဒေနဲ့အညီ ပြန်လုပ်ရမှာပေါ့” လို့ ပြောပါတယ်။

သတင်းမှား ဖြန့်ချိနေတဲ့သူတွေကိုလည်း သက်ဆိုင်ရာ ဆိုရှယ်မီဒီယာတွေကို ဆက်သွယ်ပြီး ပိတ်သိမ်းဖို့ ကြိုးစားရမယ်လို့ သူက ဆက်ပြောပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013