DVB Logo
Home
မြန်မာသတင်း
ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်မှုတွေနဲ့ ရှုစားရမယ့် အီရတ်စစ်ပွဲနောက်ခံရုပ်ရှင်- Indivisible(နမူနာ)
DVB
·
October 24, 2018
ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်မှုတွေနဲ့ ရှုစားရမယ့် အီရတ်စစ်ပွဲနောက်ခံရုပ်ရှင်- Indivisible(နမူနာ)
Donate to DVB

ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်မှုတွေနဲ့ ရှုစားကြရမယ့် အီရတ်စစ်ပွဲနောက်ခံ ဖြစ်ရပ် မှန်အခြေပြု ဒရာမာရုပ်ရှင်ကား Indivisible ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ David G. Evans က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ အမေရိကန်စစ်တပ်အရာရှိ Dareen Tuner နဲ့ ဇနီးဖြစ်တဲ့ Heather တို့ အကြောင်း ဖြစ်ရပ်မှန်အခြေပြုရိုက်ကူးထားတာပါ။

သင်တန်းက ဆင်းပြီး ကာစအချိန်မှာ Dareen ဟာ အီရတ်စစ်မြေပြင်မှာ စစ်မှုထမ်းဖို့ စေလွှတ်ခြင်းခံခဲ့ရတယ်။ အဲဒီအချိန်မှာ ဇနီးဖြစ်တဲ့ Heather က လူမမယ်ကလေးငယ်တွေနဲ့ ကျန်နေခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့ရတယ်။ ကြာလွန်းတဲ့ စစ်ပွဲကာလမှာ သူတို့မိသားစု ပြန်လည် ဆုံ တွေ့နိုင်ပါ့မလား။ သူတို့ရဲ့ အိမ်ထောင်ရေးမှာရော ဘယ်လိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Justin Bruening, Sarah Drew တို့က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင် တွေ အများကြီးက တွဲဖက်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၁၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ကြမ်းတမ်းတဲ့ စစ်မြေပြင် မြင်ကွင်း တွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီကားကို အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013