DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြစ်အတွင်းမှ ရေချိုသွယ်တန်း၍ မြိတ်မြို့တွင် သောက်သုံးရေဖြန့်ဖြူးပေးမည်
DVB
·
October 24, 2018
တနင်္သာရီမြစ်အတွင်းမှ ရေချိုသွယ်တန်း၍ မြိတ်မြို့တွင် သောက်သုံးရေဖြန့်ဖြူးပေးမည်
Donate to DVB

တနင်္သာရီမြစ်အတွင်းကနေ ရေချိုသွယ်တန်းပြီး မြိတ်မြို့မှာ သောက်သုံးရေဖြန့်ဝေပေးမယ့် စီမံကိန်းကို တနှစ်အတွင်း အကောင်ထည်ဖော်ဖို့ရှိတယ်လို့ မြိတ်အများပိုင် ကော်ပိုရေးရှင်း စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့က မြိတ်မြို့အများအပိုင်ကော်ပိုရေးရှင်းရုံးခန်းမှာ ပြုလုပ်တဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရထံတွင်ခွင့်ပြုချက်ရရှိဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က “ပြီးခဲ့တဲ့ ၂၂ ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှာ သွားရောက်တွေ့ဆုံတင်ပြခဲ့ပြီးပါပြီ။ Proposal တော့မတင်ရသေးဘူး စီမံကိန်းခွင့်ပြုချက်ရတာနဲ့ MOU ထိုးတာတွေ လုပ်ရဦးမယ် ထိုင်းနိုင်ငံမှ Bright Blue Water ကော်ပိုရေးရှင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှာပါ။ စီမံကိန်းလုပ်ခွင့်ရတာနဲ့ တစ်နှစ်အတွင်း အပြီးဆောင်ရွက်မှာပါ”လို့ ပြောပါတယ်။

တနင်္သာရီမြစ်အတွင်းရှိ မော်တုန်းကျေးရွာအနီးမှာ ရေသိုလှောင်ကန်တည်ဆောက်ပြီး မြိတ်မြို့ ကွန်ပျူတာတက္ကသိုလ်အနီးမှာ ရေသန့်စင်စက်ရုံတခုတည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်။

အကျိုးတူပူးပေါင်းဆောင်ရွက်မယ့် Bright Blue Water ကော်ပိုရေးရှင်းဟာ ထိုင်းနိုင်ငံမှာ အကြီးဆုံးရေဖြန့်ဝေနေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး လုပ်ငန်းတွေကို အလေးပေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှတာဝန်ရှိသူတဦးက ပြောပါတယ်။

ရေမီတာတွေကို အိမ်အရောက်အခမဲ့တပ်ဆင်ပေးမှာဖြစ်သလို တယူနစ်ကို ၁၈ ဘတ် အပေါ် တွက်ချက်ကောက်ယူမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အဆိုပါရေကို သောက်သုံးနိုင်တဲ့အထိ အဆင့်မြင့်နည်းပညာတွေနဲ့ ဖြန့်ဖြူးမယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013