DVB Logo
Home
မြန်မာသတင်း
အင်ဂျန်းယန် စစ်ဘေးရှောင်များ ခိုလှုံရာနေရာရွှေ့ပြောင်း
DVB
·
October 24, 2018
အင်ဂျန်းယန် စစ်ဘေးရှောင်များ ခိုလှုံရာနေရာရွှေ့ပြောင်း
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ခိုလှုံနေတဲ့  တြီနီတီဘုရားကျောင်းနေရာမှာ အခက်အခဲရှိတာကြောင့် မြစ်ကြီးနားမြို့၊ တြိနီတီ ဘုရားကျောင်း ပိုင်နေရာ သစ်တခုကို  ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

သူတို့ဟာ ၂၀၁၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ကတည်းက ပြောင်းရွှေ့လာကြတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်မြို့နယ်ရှိ ကျေး၇ွာ ၂၅ ရွာက တိုက်ပွဲရှောင်ပြည်သူတွေဖြစ်ပြီး အိမ်ထောင်စု ၁၇၇ စု လူဦးရေ ၈၄၀ ရှိပါတယ်။

အခုလက်ရှိနေထိုင်တဲ့နေရာဟာ ဘုရားကျောင်းဖြစ်နေတဲ့အပြင် နေရာထိုင်ခင်း အခက်အခဲဖြစ်တယ်လို့ တြီနီတီဘုရားကျောင်းက သိက္ခာတော်ရ ဦးဒီလခေါင်ကပြောပါတယ်။

“ဒီမှာ ၆ လနေတဲ့ခါမှာ အခက်အခဲ အများကြီးရှိပါတယ်။ အခက်အခဲအများကြီး ရှိတယ်ဆိုတာက နေရာထိုင်ခင်းကအစ အခက်အခဲ ရှိပါတယ်။ နောက်တခုက သူတို့ ချက်ပြုတ်စားသောက်ရေး ကိစ္စအားလုံးက စုပေါင်းချက်စားတော့ တယောက်နဲ့ တယောက်ခံတွင်းက မတူကြဘူး အခက်အခဲရှိပါတယ်။ နေရာထိုင်ခင်းက ယာယီဝါးနဲ့ လုပ်တဲ့ခါကျတော့ မိုးတွင်းကာလ လုပ်တဲ့ခါကျတော့ ခုချိန်မှာဆွေးလာတဲ့ဟာနဲ့ လာတာတွေရှိလို့ ပြောင်းရွှေ့တာဖြစ်တယ်”

"အခုနေရာက ၈ ယောက်အထက်ဆို ကြပ်တယ်။ ၃ ယောက် ၄ ယောက်ဆို မကြပ်ဘူးပေါ့" လို့ လည်း လက်ရှိ တြီနီတီ ဘုရားကျောင်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

အခုပြောင်းရွှေ့မယ့် စခန်းအသစ်ကတော့ မြစ်ကြီးနားမြို့၊ ပလန(၁) နယ်မြေမှာရှိပြီး တြီနီတီ ဘုရားကျောင်းက ပိုင်တဲ့နေရာဖြစ်ပါတယ်။

စခန်းအသစ်မှာတော့ အဆောက်အဦ၊ အိမ်သာ၊ ရေချိုးခန်းတွေကို ICRC က အများစု ၈၀ လှူဒါန်းထားသလို KMSS ကရုဏာအဖွဲ့ကလည်း လှူဒါန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013