DVB Logo
Home
မြန်မာသတင်း
ပန်းမွေ့ရာပေါ် စင်္ကြံလျှောက်ပွဲ ပြည်မြို့တွင် ကျင်းပ
DVB
·
October 24, 2018
ပန်းမွေ့ရာပေါ် စင်္ကြံလျှောက်ပွဲ ပြည်မြို့တွင် ကျင်းပ
1 / 11
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ)နေ့မှာ မဟာပဝါရဏာပွဲ ခေါ် ပန်းမွေ့ရာပေါ် စင်္ကြံလျှောက်ပွဲ ကျင်းပပါတယ်။

ဝါတွင်းကာလရဲ့နောက်ဆုံးနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ပြည်မြို့ရဲ့ ရှေးနှစ်ပေါင်းများစွာ ကတည်းက သီလရှင်အများဆုံး သီတင်းသုံးနေထိုင်ကြတဲ့ နိဗ္ဗိန္ဒတောရကျောင်းတိုက်ကြီးမှာ ရဟန်းသံဃာတွေ မဟာပဝါရဏာ ပြုကြပါတယ်။

ပဝါရဏာလုပ်တဲ့ သံဃာတော်တွေ သိမ်ထဲက အထွက်မှာ ပန်းမွေ့ရာ ၂ဝဝ ခန့်နဲ့ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေက ကြိုဆိုပြီး ဝတ္ထုနဲ့ လှူဖွယ်ပစ္စည်းတွေ ကပ်လှူခဲ့ကြပါတယ်။

ပန်းမွေ့ရာကို တောထဲကရရှိတဲ့ တောပန်းတွေ၊ ဈေးတွေက ဝယ်ယူထားတဲ့ ပန်းအမျိုးပေါင်း ရာနဲ့ချီပြီး အရောင်စုံ ခင်းကျင်းထားပြီး မနေ့ည ၇ နာရီလောက်ကတည်းက တညလုံး အပြိုင်အဆိုင်ပြုလုပ်ခဲ့ကြတာပါ။

ဒီနေ့ မနက်မှာတော့ သံဃာတွေကို ဆွမ်းကပ်ပြီး သိမ်ဝင်ကြပါတယ်။ အဲဒီနောက် သိမ်ကအထွက် ပန်းခင်းလမ်းပေါ်မှာ သံဃာတွေကို ကြွချီစေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013