DVB Logo
Home
မြန်မာသတင်း
လေဖြတ်​​၊ အာရုံ​ကြော​ရောဂါသည်များကို ရွှေမှုန်​နာ​ရေးကူညီမှုအသင်းက အပ်စိုက်ကုသပေးနေ
DVB
·
October 24, 2018
လေဖြတ်​​၊ အာရုံ​ကြော​ရောဂါသည်များကို ရွှေမှုန်​နာ​ရေးကူညီမှုအသင်းက အပ်စိုက်ကုသပေးနေ
1 / 2
Donate to DVB

လေဖြတ်​​လေငန်း​ရောဂါ၊ အာရုံ​ကြော​ရောဂါ​နဲ့ အ​ကြော​ရောဂါ ​ဝေဒနာသည်​​တွေအတွက်  အပ်​စိုက်​ကုပညာရှင်​​တွေက ​ရွှေမှုန်​နာ​ရေးကူညီမှုအသင်းရဲ့စီစဉ်​မှုနဲ့ ဟင်္သာတခရိုင်​မှာ ဆေးကုသ ပေးနေပါတယ်။

ဟင်္သာတခရိုင်​၊ ​ရွှေသာလျောင်း​ကျေးရွာမှာ ​အောက်​တိုဘာ ၂၃ ရက်​​မှ ၂၆ ရက်​​အထိ အပ်​စိုက်​ကုနဲ့ တိုင်းရင်း​ဆေးကုသမှု အလှူပွဲကို ၄ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။

အပ်​စိုက်​ကုပွဲကို ဆရာကြီး ဦး​မောင်​​မောင်​လှိုင်​ဦးစီးတဲ့ မြန်​မာနိုင်​ငံ အပ်​စိုက်​ကု ပညာရှင်​များအသင်းက အပ်​စိုက်​ကုပညာရှင်​ ၂ဝ ​ကျော်​က ​ရွှေသာ​လျောင်း​ကျေးရွာ အပါအဝင်​ အနီးအနားရွာ​တွေက လူနာ​တွေကို အပ်​စိုက်​ကုသ​ပေးတဲ့အပြင်​ မြန်​မာတိုင်းရင်း​ဆေး​တွေပါ အခမဲ့​ဝေ ပေးခဲ့ကြပါတယ်​။

အပ်​စိုက်​ဆေးကုအလှူပွဲကို မျှ​ဝေခံစားတွဲလက်​များအဖွဲ့ကလည်း ကူညီပံ့ပိုး​ပေး​နေပြီး တနေ့ကို ဝေဒနာရှင်  ၂ဝဝ နီးပါး လာ​ရောက်​ဆေးကုသမှုခဲ့ယူနေကြတယ်လို့ သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013