DVB Logo
Home
မြန်မာသတင်း
ရေကြည်မြို့နယ် စည်ပင်အရာရှိ ၄ ဦးကို ကျပ်သိန်း ၅၀၀ လာဘ်စားမှုဖြင့် အမှုဖွင့်အရေးယူ
DVB
·
October 24, 2018
ရေကြည်မြို့နယ် စည်ပင်အရာရှိ ၄ ဦးကို ကျပ်သိန်း ၅၀၀ လာဘ်စားမှုဖြင့် အမှုဖွင့်အရေးယူ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူး အပါအဝင် ၄ ဦးကို လာဘ်စားမှုနဲ့ ရေကြည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

အမှုဖွင့်ခံရသူတွေဟာ ၂၀၁၆-၂၀၁၇ နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွေမှာ လုပ်ပိုင်ခွင့်အာဏာ ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်ပြီး  အခွန်ဘဏ္ဍာငွေ ကျပ်သိန်း ၅၀၀ ကို ကိုယ်ကျိုး စီးပွားအတွက် ရယူထားတာကြောင့် အမှုဖွင့်ခံခဲ့ရတာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက “ဦးဝင်းကိုပါ လေးဦးကို အမှုဖွင့်ထားတာပါ။ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းခိုင်က တရားလိုပြုလုပ်ပြီး အမှုဖွင့်တာပါ” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရေကြည်မြို့မရဲစခန်းက (ပ)၁၁၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၀၉/၁၀၉/၁၁၄နဲ့ အမှုဖွင့်ထားပြီးနောက် အောက်တိုဘာ ၂၂ ရက်မှာ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကာ ကျန် ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က လက်ထောက် အင်ဂျင်နီယာ ဦးဝင်းကို၊  အမှုဆောင်အရာရှိ ဒုညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းနဲ့ ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇင်မိုး တို့ဖြစ်ကြပြီး အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

လာဘ်စားမှုတွေကို စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုရော အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုပါ တိုင်ကြားခဲ့ပြီး အခုလို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အမှုဖွင့်ခံရသူတွေဘက်ကတော့  ခုလို ဖမ်းဆီးအရေးယူမှုနဲ့ပတ်သက်လို့ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

သတင်း/ဓာတ်ပုံ - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013