DVB Logo
Home
မြန်မာသတင်း
Great Well စက်ရုံလုပ်သားများ လုပ်အားခပြန်ရရေး ဆောင်ရွက်ပေးမည်ဟု ၀န်ကြီးကတိပြု
DVB
·
October 24, 2018
Great Well စက်ရုံလုပ်သားများ လုပ်အားခပြန်ရရေး ဆောင်ရွက်ပေးမည်ဟု ၀န်ကြီးကတိပြု
Donate to DVB

သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေတဲ့ ရွှေလင်ပန်းစက်မှုဇုန် Great Well စက်ရုံက အလုပ်သမားတွေရဲ့ လုပ်အားခ ၃လစာပြန်ရဖို့နဲ့ လုပ်ငန်းရှင်ကို တရားစွဲဖို့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးက ကတိပြုလိုက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ Great Well ဖိနပ်စက်ရုံက အလုပ်သမားတွေဟာ အောက်တိုဘာ ၂ ရက်က စပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေတာပါ။

အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို ညှိနှိုင်းပေးဖို့ အောက်တိုဘာ၂၂ ရက်က ရန်ကုန်တိုင်းအစိုးရရုံးကို လာရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းအစိုးရ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ ပါတယ်။

Great Well ဖိနပ်စက်ရုံမှာ အလုပ်သမားတွေကို ၂၀၁၈ ဇူလိုင်လက စပြီးရာထူးလျှော့၊ နေရာပြောင်း၊ လစာလျှော့ချတာတွေကြောင့် အငြင်းပွားမှုတွေ စတင်ခဲ့ပြီး နောက်ပိုင်းမှာ အလုပ်ရှင်က စက်ရုံထဲ ဝင်ခွင့် မပြုတော့ဘူးလို့ သိရပါတယ်။

စက်ရုံဘက်က အလုပ်သမားတွေကို အလုပ်ဖြုတ်တယ်လို့ မကြေညာထားသလို လစာလည်း မပေးတာကြောင့် အလုပ်သမားတွေဟာ လက်ရှိမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ အခက်ခဲတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးရဲ့ ညှိနှိုင်းချက်ကို စောင့်ဆိုင်းပြီး ထူးခြားမှုမရှိရင် သပိတ်အောင်မြင်တဲ့အထိ ဆက်လက် ဆန္ဒဖော်ထုတ်သွားမယ်လို့ ပြောကြပါတယ်။

Great Well ဖိနပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား ၃၀၀ လောက် အလုပ်လုပ်ကိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013