DVB Logo
Home
မြန်မာသတင်း
ဓားစာခံစစ်သတင်းထောက်တဦးနဲ့ မိခင်ကြားချစ်ခြင်းမေတ္တာဖွဲ့ ရုပ် ရှင်-Viper Club(နမူနာ)
DVB
·
October 23, 2018
ဓားစာခံစစ်သတင်းထောက်တဦးနဲ့ မိခင်ကြားချစ်ခြင်းမေတ္တာဖွဲ့ ရုပ် ရှင်-Viper Club(နမူနာ)
Donate to DVB

ဟောလိဝုဒ်ဒရာမာ ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Viper Club အ မည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အီရန်-အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Maryam Keshavarz က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ပဋိပက္ခတွေနဲ့ စစ်ပွဲကြား တာဝန်နဲ့ သတင်းသွားယူရင်း အကြမ်းဖက်သမားတွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စစ်သတင်းထောက်သားဖြစ်သူအတွက် ခံစားရတဲ့ မိခင် တဦးရဲ့ သောကကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာပါ။ အစိုးရက ဒီကိစ္စအ ပေါ် မသိကျိုးကျွန်ပြုပြီး ဘာတာဝန်မှ မယူနိုင်ခဲ့တဲ့အခါ  ဘာတွေဆက်ဖြစ်လာမလဲ။ မိ ခင်ဖြစ်သူကရော ဘာတွေဆက်လုပ်နိုင်မလဲ။ သားဖြစ်သူ လွတ်မြောက်နိုင်ဖို့ ဒီအမှုထဲမှာ ဘယ်လိုပါဝင်လာမလဲဆိုတာတွေကို မကြာခင်မှာ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ အမေရိကန် ၀ါရင့် သရုပ်ဆောင်မင်းသမီး Susan Sarandon နဲ့ သရုပ်ဆောင်မင်းသား Matt Bomer တို့ က အဓိကဇာတ်ဆောင်တွေ အဖြစ် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ နဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ Viper Club ရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ Toronto Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ က ကနဦးပြသခဲ့ပြီး ဒီကားဟာ IMDb မှာလည်း Rating 6.8 အထိ ရရှိထားတဲ့ ဇာတ်ကားတ ကား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013