DVB Logo
Home
မြန်မာသတင်း
YBS နှင့် ကျောင်းကားဝယ်ယူမှု နိုင်ငံအတွက်ထိခိုက်မှုရှိ၊ မရှိ အသေးစိတ်စာရင်းစစ်ရင် ပေါ်လွင်နိုင်ဟု ဒေါ်ညိုညိုသင်းပြော
DVB
·
October 23, 2018
YBS နှင့် ကျောင်းကားဝယ်ယူမှု နိုင်ငံအတွက်ထိခိုက်မှုရှိ၊ မရှိ အသေးစိတ်စာရင်းစစ်ရင် ပေါ်လွင်နိုင်ဟု ဒေါ်ညိုညိုသင်းပြော
Donate to DVB

ရန်ကုန်တိုင်းအစိုးရရဲ့ YBS ဘတ်စ်ကားနဲ့ ကျောင်းကားတွေဝယ်ယူမှုမှာ တိုင်းပြည်အတွက် ထိခိုက်မှုရှိမရှိကို စာရင်းစစ်ချုပ်က အသေးစိတ်စာရင်းစစ်လိုက်ရင် ပေါ်လွင်လာနိုင်တယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

“ဘယ်လောက်အထိ တိုင်းပြည်ကို ထိခိုက်စေတယ်ဆိုတာကိုတော့ စာရင်းစစ်ချုပ်က အခုထက်ထိ စာရင်းစစ်နိုင်တဲ့အနေအထားမှာ မရှိသေးပါဘူး။ စာရင်းစစ်ချုပ်သည် YBSကိစ္စ၊ ကျောင်းကားကိစ္စများမှာ စာရင်းစစ်ချုပ်အနေနဲ့က ၀င်ငွေနဲ့သုံးငွေလောက်ပဲ သူသိထားတဲ့ အနေအထားရှိတယ်လို့ အန်တီတို့ သိရတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုသုံးတယ်။ ဘယ်သူတွေကို မျက်နှာသာပေးတယ်။ တိုင်းပြည်အတွက် တကယ်ကို ထိခိုက်မှု ရှိမရှိ ဆိုတာကတော့ စာရင်းစစ်ချုပ်က စာရင်းစစ်ခွင့်ရမှပဲ ပေါ်လွင်လာမှာ” လို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရက ၀ယ်ယူထားတဲ့ YBS ယာဉ်အစီး ၁၀၀၀ မှာ နိုင်ငံတော်ဘဏ္ဍာငွေ ဘီလီယံ ၇၀ အပြင် ဧရာဝတီဘဏ်ကနေ ကျပ်ငွေ ၈ဘီလီယံချေးယူပြီး လွှတ်တော်ကို မတင်ပြဘဲ ၀ယ်ယူတာရှိပါတယ်။

ဒါ့အပြင် ကျောင်းကားအစီး ၂၀၀ ၀ယ်ယူရာမှာလည်း အရင်မ.ထ.သက လွှဲအပ်ငွေ ၅ဘီလီယံအပြင် ကမ္ဘောဇဘဏ်ကနေ ကျပ် ၅ဒသမ၅ဘီလီယံကို ချေးယူပြီး လွှတ်တော်မတင်ပြဘဲ အစိုးရက၀ယ်ယူလိုက်ခဲ့တာကြောင့် ရန်ကုန်တိုင်းလွှတ်တော်ကနေ ပြန်ဆပ်ဖို့ သဘောမတူဘူးလို့ လည်း ပြောဆိုခဲ့တာရှိပါတယ်။

ရန်ကုန်တိုင်းအတွင်း အရင်အစိုးရတွေလက်ထက်က စီမံကိန်းတချို့ချပေးရာမှာ ပြည်သူ့ ဘဏ္ဍာငွေ ဘီလီယံ ၆၀ လောက် နစ်နာနေတဲ့အပေါ် ဒေါက်တာညိုညိုသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့ပေမယ့် ကော်မရှင်က အရေးယူဆောင်ရွက်ဖို့ မရှိသေးဘူးလို့ အကြောင်းပြန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013