DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကျောင်းကားအသင်း တည်ထောင်ရန်မဖြစ်နိုင်ဟု ဝေဖန်  
DVB
·
October 23, 2018
ရန်ကုန်ကျောင်းကားအသင်း တည်ထောင်ရန်မဖြစ်နိုင်ဟု ဝေဖန်  
Donate to DVB

ရန်ကုန်ကျောင်းကားအသင်း တည်ထောင်မယ်ဆိုတာဟာ ဖြစ်လာဖို့မလွယ်ဘူးလို့ အ.ထ.က (၂)စမ်းချောင်းက ကျောင်းကားအသင်းရဲ့ အတွင်းရေးမှူး ဦးမြတ်ဇော်လင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းကားပြေးဆွဲဖို့အတွက် မနေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရန်ကုန်ကျောင်းကားအသင်းက လာရောက် တွေ့ဆုံခဲ့ တယ်လို့ ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အများပိုင်ကုမ္ပဏီ (MLCC)အနေနဲ့ ရန်ကုန်တိုင်း အစိုးရဆီကနေ ကျောင်းကားအစီး ၂၀၀ ၀ယ်ယူထားပြီး အများပိုင်ဖွဲ့တဲ့အခါ ကျောင်းကားပြေးဆွဲ သူတွေနဲ့ ကျောင်းကားအားလုံးပါဝင်နိုင်အောင် လုပ်ပေးထားတာကြောင့် ကျောင်းကားအသင်း ထပ်ဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဦးမြတ်ဇော်လင်းက ပြောပါတယ်။

“ပြည်ထောင်စုဝန်ကြီးရဲ့ ၁၂ ချက်နဲ့ မညီဘူးဆိုတဲ့ ကားတွေရှိခဲ့ရင်လည်း ညီတဲ့ကားတွေကို လည်း MLCC က အရစ်ကျနဲ့ရောင်းပေးမှာ။ တကယ်လို့ မဟုတ်ဘူး။ MLCC က အစိုးရရဲ့ကားကြီးကို ငှားချင်ပါတယ်ဆိုလည်း ငှားရမ်းပေးမှာ။ အဲဒါကြောင့်မို့လို့ ရန်ကုန်ကျောင်းကား အသင်းဆိုတဲ့ အရာက လေထဲမှာ တိုက်အိမ်ဆောက်တယ်လို့ပဲ ထင်တယ်။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ အခုသွားတွေ့တယ်ဆိုလည်း လွှတ်တော်ထဲမှာ ကောင်းတဲ့ အချက်ထွက်လာသလား သူတို့ကို မေးကြည့်ပါလား။ ဘာမှ မထွက်လာဘူး။”

ရန်ကုန်အစိုးရဆီက ၀ယ်ယူထားတဲ့ကျောင်းကားတွေကို အများပိုင်အဖြစ် ပြေးဆွဲနိုင်ရေးနဲ့ ပတ်သက်လို့ အောက်တိုဘာ ၇ ရက် ရွှေထွဋ်တင်ကွင်းမှာ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အများပိုင်ကုမ္ပဏီဥက္ကဋ္ဌအဖြစ် ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းက တာဝန်ယူကာ ကျောင်းကားပြေးဆွဲသူအားလုံး ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။

ရန်ကုန်ကျောင်းကား အသင်းအနေနဲ့ လက်ရှိမှာတော့ ရန်ကုန်ကျောင်းကားအသင်း (YSBO)ကို မှတ်ပုံတင်ဖွဲ့စည်းကာ စတင်စည်းရုံးမှုတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။

ရန်ကုန်ကျောင်းကားအသင်း တည်ထောင်ရေးနဲ့ပတ်သက်လို့ ကျောင်းကားအသင်းက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ရှိအချိန်မှာ ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013