DVB Logo
Home
မြန်မာသတင်း
အစည်းအဝေးမှတ်တမ်းတင်ပြရန် ပူးတွဲကြေညာခဲ့သည့် ၂၇ ပါတီကို ကော်မရှင် တောင်းခံ
DVB
·
October 23, 2018
အစည်းအဝေးမှတ်တမ်းတင်ပြရန် ပူးတွဲကြေညာခဲ့သည့် ၂၇ ပါတီကို ကော်မရှင် တောင်းခံ
Donate to DVB

ပူးတွဲကြေညာချက်ထုတ်ခဲ့တဲ့ နိုင်ငံရေးပါတီ ၂၇ ပါတီအနေနဲ့  နိုဝင်ဘာ ၁ ရက်နောက်ဆုံ ထားပြီး အစည်းအဝေးမှတ်တမ်းတင်ပြဖို့ ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်က တောင်းခံ လိုက်ပါတယ်။

လက်ရှိ တိုင်းပြည်မှာစီးပွားရေးနဲ့ လူမှုဘ၀ မလုံခြုံမှုတွေဖြစ်နေတဲ့ အပေါ် အမြန်ဖြေရှင်းပေးဖို့ အစိုးရကိုတောင်းဆိုတဲ့ ၂၇ ပါတီရဲ့ ပူးတွဲကြေညာချက်ကို သဘော မတူကြောင်း ကန့်ကွက်တိုင်ကြားလာလို့ ကော်မရှင်က ခုလို တောင်းခံလိုက်တာဖြစ်ပါတယ်။

စက်တင်ဘာ ၃ဝ ရက်က ရန်ကုန်မှာ  နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးခဲပြီး ရလဒ်အဖြစ် လက်ရှိအစိုးရတာဝန်ရှိသူတွေက  ပြည်သူလူထုရဲ့ လက်တွေ့ဘဝမှာ စီးပွားရေး ကျဆင်းခဲ့မှုနဲ့အတူ လူမှုဘဝ မလုံခြုံမှုတွေလည်း ဖြစ်ပေါ်ခံစားနေရလို့  အခုထက်ပိုမို တည်ငြိမ်အေးချမ်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေပြီး လက်တွေ့ပါတဲ့ ရလဒ်တွေရအောင် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးဖို့ ကြံခိုင်ရေးပါတီအပါအ၀င်  ၂၇ ပါတီက ပူးတွဲသဘောထားကြေညာချက် ထုတ်ထားတာပါ။

ဒီလိုကြေညာရာမှာပါဝင်ခဲ့တဲ့ လမ်းပြကြယ်ပါတီက  ပါတီရဲ့ ဗဟိုကော်မတီဥက္ကဋ္ဌနဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်တွေအနေနဲ့ ဒီကိစ္စ သိရှိခဲ့ခြင်း မရှိကြောင်း၊ ဒီကြေညာချက်ဟာ ပါတီနဲ့ သက်ဆိုင်ခြင်း မရှိကြောင်းနဲ့ ပါတီစည်းကမ်းကျော်လွန် လုပ်ဆောင်သူကို ပါတီမှအရေးယူ ထုတ်ပယ်သွားမှာ ဖြစ်ကြောင်း  ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မဟာမိတ်တောင်သူလယ်သမားပါတီကလည်း ပါတီဥက္ကဋ္ဌ ဦးဆန်းလင်းဟာ ပါတီတွင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပ သဘော တူညီချက်ရယူ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ တစ်ဦးတည်းရဲ့ သဘောဆန္ဒအရ လက်မှတ်ရေးထိုးခဲ့တာဖြစ်လို့ အသိအမှတ်မပြု ကန့်ကွက်ပါကြောင်း ကော်မရှင်ကို တင်ပြ ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပူးတွဲသဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့  ပါတီတွေအနေနဲ့ သက်ဆိုင်ရာ ပါတီ အသီးသီးက ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့  ကြိုတင်သဘောတူညီဆုံးဖြတ်မှုနဲ့ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိနဲ့ သဘောတူညီမှုရှိပါက သဘောတူ ဆုံးဖြတ်ခဲ့တဲ့ အစည်းအဝေး မှတ်တမ်းကို နိုဝင်ဘာ ၁ ရက်နေ့ အရောက် ပြန်လည်တင်ပြဖို့ ကော်မရှင်က အသိပေး ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-USDP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013