
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နဲ့ ရခိုင်မျိုးချစ်ပါတီ(APP)တို့ တပါတီတည်းအဖြစ် ပေါင်းစည်းနိုင်ရေးကို နှစ်ဖက်ပါတီက ခေါင်းဆောင်တွေ ဒီကနေ့ စစ်တွေဟိုတယ်မှာ ဆွေးနွေး သဘောတူညီမှုရရှိ ခဲ့ကြပါတယ်။
ရခိုင်မျိုးချစ်ပါတီကို ဖျက်သိမ်းပြီး တစ်ပါတီထဲအဖြစ်ပူးပေါင်းဖို့ နှစ်ဖက်ပါတီ ခေါင်းဆောင်တွေ က ဒီကနေ့မှာ ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၇ ဒီဇင်ဘာ ၁၈ ရက်နေ့က ရခိုင်မျိုးချစ်ပါတီက နှစ်ပါတီကို တပါတီပေါင်းစည်းနိုင်ဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် ကမ်းလှမ်းထားခဲ့တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ပါတီအတွင်းမှာသဘောထား မတိုက်ဆိုင်မှုတွေရှိတာကြောင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) က ပါတီဝင်တွေ ဆက်တိုက် နုတ်ထွက်ခဲ့ကြပါတယ်။
သတင်း-ဓာတ်ပုံ ဝဏ္ဏခွာညို











