DVB Logo
Home
မြန်မာသတင်း
မိုးအဆက်မပြတ်ရွာသွန်းပြီး ရန်ကုန်ရပ်ကွက်တချို့ရေလျှံ
DVB
·
October 23, 2018
မိုးအဆက်မပြတ်ရွာသွန်းပြီး ရန်ကုန်ရပ်ကွက်တချို့ရေလျှံ
Donate to DVB

မိုးအဆက်မပြတ်ရွာသွန်းပြီး ရန်ကုန်မှာ ရပ်ကွက်တချို့ရေလျှံတဲ့အတွက် ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ အစိုးရပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

လေပြင်းတိုက်တာနဲ့အတူ တနင်္ဂနွေညကစပြီး ရွာတဲ့မိုးဟာ အောက်တိုဘာ ၂၂ ရက် မနက်အထိ ရွာခဲ့တာကြောင့် ရန်ကုန်၊ မရမ်းကုန်းမြို့နယ် နေရာတော်တော်များများမှာ ရေကြီးရေလျှံခဲ့တယ်လို့ ဆိုပါတယ်။

အမှတ် ၅ ရပ်ကွက်မှာတော့ အိမ်တွေထဲအထိ ရေဝင်တာကြောင့် ရပ်ကွက်ဓမ္မာရုံမှာ ကယ်ဆယ်ရေး စခန်းဖွင့်ထားရတယ်လို့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူမှု အထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

ကားလမ်းတွေပေါ်မှာ ရေလျှံပြီး ဖြတ်မောင်းတဲ့ ကားတချို့မောင်းမရဖြစ်လို့ လမ်းတွေလည်း ပိတ်ဆို့ခဲ့တယ်လို့ အစိုးရ သတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ -MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013