DVB Logo
Home
မြန်မာသတင်း
ဒုတိယ ကမ္ဘာစစ်နောက်ခံ စွန့်စားမှုအသားပေး အက်ရှင်ကား Airstrike(နမူနာ)
DVB
·
October 23, 2018
ဒုတိယ ကမ္ဘာစစ်နောက်ခံ စွန့်စားမှုအသားပေး အက်ရှင်ကား Airstrike(နမူနာ)
Donate to DVB

စွန့်စားမှုအသားပေး အက်ရှင်ကား ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ပရိသတ်တွေ အတွက် Airstrike ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ တရုတ်ရုပ်ရှင်ဒါရိုက်တာ Xiao Feng က ပုံဖော်ရိုက်ကူးပေးထားတာပါ။

ဒုတိယကမ္ဘာစစ်ကာလကို အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဂျပန်လေတပ်တွေဟာ တရုတ်နိုင်ငံ၊ Chongqing မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ကြိုးစားချိန်မှာ ခုခံကာကွယ်ကြတဲ့ အကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး ကြမ်းကြမ်းရမ်းရမ်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နာမည်ကြီး တရုတ်၊ အမေရိကန်၊ ကိုရီးယား၊ ဟောင်ကောင် သရုပ်ဆောင် မင်းသားတွေဖြစ်ကြတဲ့ Liu Ye, Bruce Willis, Song Seung- Heon, William Chan တို့နဲ့အတူ တခြားသရုပ်ဆောင်တွေအများကြီးက ခေါင်းဆောင်ပါဝင်ထားပါတယ်။

ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၆၅ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာတော့ Rating 7.3 အထိ ရရှိထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ နဲ့ ဇာတ်ဝင်ခန်းပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

ကြာမြင့်ချိန်မိနစ် ၁၂၀ ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ Mandarin နဲ့ English ဘာ သာစကားတွေ အသုံးပြုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013