DVB Logo
Home
မြန်မာသတင်း
ဒက္ခိဏသီရိမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် လူ ၂၉ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
October 23, 2018
ဒက္ခိဏသီရိမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် လူ ၂၉ ဦး ထိခိုက်ဒဏ်ရာရ
Donate to DVB

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မဉ္ဇူသကလမ်းနဲ့ မိုးဝေလမ်းဆုံမှာ အောက်တိုဘာ ၂၃ ရက်နေ့က အိမ်စီးကားတစီးနဲ့ တောင်ပေါ်သား ဘုရားဖူးယာဉ်တို့ တိုက်မှုဖြစ်ပွားပြီး ခရီးသည် ၂၉ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုခံနိုင်ဖို့အတွက် နီးစပ်ရာ လယ်ဝေးဆေးရုံနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ယာဉ်အမှုစစ် တာဝန်ခံ ဒုရဲမှူး သောင်းထိုက်ဦးက “ဒီနေ့ မနက် ၉ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ခဲ့တာပေါ့။ တူညီလမ်းစုံမှာ ဖြစ်တဲ့ အတွက် ယာဉ်မောင်း နှစ်ယောက်လုံးကို အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းတွေကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပြီး ပုဒ်မ ၂၉၉/ ၃၃၇ / ၃၃၈ တို့နဲ့ အမှုဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013