DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့၏ အထင်ကရ ဆုတောင်းပြည့်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရန်ပြင်ဆင်
DVB
·
October 23, 2018
မုံရွာမြို့၏ အထင်ကရ ဆုတောင်းပြည့်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရန်ပြင်ဆင်
Donate to DVB

မုံရွာမြို့ရဲ့ အထင်ကရ ပွဲတော်တွေထဲမှာ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်မှာ ကျင်းပလေ့ရှိတဲ့ ဆုတောင်းပြည့် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကလည်း တခု အပါအဝင်ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်ကျော် ၅ ရက်ကနေ သီတင်းကျွတ်လကွယ်နေ့အထိ ၁၀ ရက်ကြာကျင်းပတဲ့ ဒီဘုရားကြီးပွဲကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူတွေနဲ့ နှစ်စဉ် စည်စည်ကားကား ကျင်းပတာလည်းဖြစ်ပါတယ်။

ဘုရားကြီးပွဲကိုတော့ ဒီနှစ်မှာ ချဲ့ထွင်တာမျိုးမလုပ်ဘဲ ရိုးရိုးပဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့  ဂေါပက အဖွဲ့ဝင် ဦးအောင်သိန်းကပြောပါတယ်။

“ဒီနှစ်က ထူးခြားချက်ကတော့ သိပ်မရှိပါဘူး။ ပုံမှန်အတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ ပြောရရင် ဒီနှစ်က စီးပွားရေးလုပ်ငန်းကလည်း ကောင်းကောင်းအဆင်မပြေကြဘူးလေ။ ဘာမှချဲ့ထွင်ပြီး လည်း မလုပ်ဘူး။ ပုံမှန်ရိုးရိုးပဲ။ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲပုံစံအတိုင်းပဲ သွားမယ်။”

ဒီနှစ်ဘုရားပွဲတော်မှာ ဘုရားကြီးနဝကမ္မငွေအတွက် ဈေးဆိုင်ခန်းတွေကိုလည်း ရောင်းချထားပြီး အရင်နှစ်ကအတိုင်း ဆိုင်ခန်းအရေအတွက်နဲ့ ဈေးနှုန်းပြောင်းလဲတာမရှိဘူးလို့ သိရပါတယ်။

ဘုရားကြီးဂေါပကအဖွဲ့ကနေ တိုက်ရိုက်ကိုင်တွယ်တဲ့ ဈေးဆိုင်ခန်းအနေနဲ့ ၁ခန်း ၃သောင်းကျပ်တန် ၆၂ ခန်း၊ ၁ ခန်း ၆ထောင်ကျပ်တန် အလယ်အူကြောင်း ပျံကျဈေးဆိုင်ခန်း ၃၃၄ ခန်းကို ရောင်းချထားတယ်လို့ ဆိုပါတယ်။

ရွှေစည်းခုံဘုရားဖက်က ဈေးဆိုင်ခန်းနဲ့  နေအိမ်တိုက်ခန်းတွေရှေ့က ဈေးဆိုင်ခန်းတွေကတော့ ဘုရားကြီးဂေါပကအဖွဲ့ရဲ့ စီမံခန့်ခွဲမှု အောက်မှာ မရှိဘူးလို့ ဆိုပါတယ်။

ရွှေစည်းခုံဘုရားဘက်မှာတော့ ဘုန်းကြီးကျောင်းနဲ့ ဘုရားဝင်းတွေသာများတဲ့အတွက် ဈေးဆိုင်ခန်းတွေ ခင်းကျင်းနေကြပြီဖြစ်ပေမယ့် ဆုတောင်းပြည့်ဘုရားကြီး ဘက်မှာတော့ နေအိမ်တွေ ရှိနေသေးတဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့မှ ဆိုင်ခန်း စဆောက်ခွင့်ပေးမှာဖြစ်ပါတယ်။

ဘုရားကြီးပွဲ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်မှာတော့ မြို့နယ်အတွင်းရှိ သံဃာကုန် စုပေါင်းဆွမ်းလောင်းပွဲကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်။

မုံရွာမြို့ရဲ့ အထင်ကရ ဘုရားကြီးပွဲကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ စည်စည်ကားကား ကျင်းပနိုင်ဖို့ ကော်မတီအနည်းဆုံး ၁၀ ခုထက်မက ဖွဲ့စည်းထားပြီး ခိုက်ရန်ဖြစ်ပွားမှု၊ ခါးပိုက်နှိုက်စတဲ့ လုံခြုံရေးဆိုင်ရာကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ကာ ကြီးကြပ်လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013