DVB Logo
Home
မြန်မာသတင်း
မြန်မာ-နယ်သာလန် ချစ်ကြည်ရေး ပန်းပွဲတော် ပြည်သူ့ရင်ပြင်တွင်ကျင်းပ
DVB
·
October 23, 2018
မြန်မာ-နယ်သာလန် ချစ်ကြည်ရေး ပန်းပွဲတော် ပြည်သူ့ရင်ပြင်တွင်ကျင်းပ
1 / 12
Donate to DVB

မြန်မာ-နယ်သာလန် နှစ်နိုင်ငံ သံတမန် နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ပန်းသဘင်ပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ  ကျင်းပနေပါတယ်။

ပန်းပွဲတော်ကို နယ်သာလန်က ပန်းပညာရှင်က ဦးဆောင်ပြီး မြန်မာပန်းပညာရှင်နဲ့ ပန်းဝါသနာရှင် ၁၀၀ နီးပါးပူးပေါင်းပြီး ဆင်ရုပ်၊ နွားရုပ်၊ နွားလှည်းရုပ်နဲ့ နယ်သာလန်ဖိနပ်ရုပ် စတဲ့ ပုံစံတွေကို ပန်းတွေနဲ့ အလှဆင် ပုံဖော်ပြသထားပါတယ်။

ပန်းပွဲတော်မှာ ပြည်တွင်းထွက် ပန်းတွေဖြစ်တဲ့ နှင်းဆီပန်းနဲ့ ဂန္ဓမာပန်းစတဲ့ ပန်းအမျိုးအစားတွေ အပါအ၀င် ပန်းပွင့်ပေါင်း သန်းနဲ့ချီ အသုံးပြုထားတာလည်းဖြစ်ပါတယ်။  

ညပိုင်းတွေမှာတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖော်ကျူးတဲ့ ရိုးရာရုပ်သေး အနုပညာအက၊ ဆီမီးခွက်အကနဲ့ အနုပညာဖျော်ဖြေမှုတွေအပြင် ဂန္ထဝင်တေးဂီတတွေနဲ့ပါ ဖျော်ဖြေသွားဖို့ရှိတယ်လို့  ပွဲစီစဉ်သူကပြောပါတယ်။

မြန်မာ့ပန်းဈေးကွက်ကို တိုးတက်ဖို့ ရည်ရွယ်ကျင်းပတဲ့ ပန်းသဘင်ပွဲတော်ကိုတော့ အောက်တိုဘာ ၂၃ ရက်ကနေ  ၂၅ ရက်ထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013