DVB Logo
Home
မြန်မာသတင်း
ကဝနှင့် သနပ်ပင်မြို့နယ်၌ လေပြင်းကြောင့် လူနေအိမ်ခြေ  ၂,၀၀၀ နီးပါး ပျက်စီး
DVB
·
October 23, 2018
ကဝနှင့် သနပ်ပင်မြို့နယ်၌ လေပြင်းကြောင့် လူနေအိမ်ခြေ  ၂,၀၀၀ နီးပါး ပျက်စီး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ ရက်တို့က လေပြင်းတိုက်လို့ လူနေအိမ်ပေါင်း ၂,၀၀၀ လောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ကဝမြို့နယ် ရပ်ကွက် ၂ ခုနဲ့ ရွာပေါင်း ၅၁ ရွာမှာ လူနေအိမ်ခြေပေါင်း ၃၅၇ လုံးပြိုလဲပြီး ၁၂၂၉ လုံး အမိုးလန်ခဲ့သလို သနပ်ပင်မြို့နယ်က ရွာ ၁၀ ရွာမှာတော့ အိမ် ၂၁ လုံးပြိုလဲပြီး ၂၅၃ လုံး အမိုးလန် ပျက်စီးခဲ့ပါတယ်။

လေဘေးကြောင့် ထိခိုက်ခဲ့တဲ့ မိသားစုတွေအတွက်  စုစုပေါင်း ဆန်ရိက္ခာဖိုး ကျပ် ၃၆ သိန်းကျော်၊ အိမ်ဆောက်ပစ္စည်းဖိုး ကျပ်သိန်း ၈၂၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ တိုင်းအစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ အခု ထောက်ပံ့ပေးလိုက်တဲ့ ငွေတွေကို ပြည်သူတွေလက်ထဲ ရောက်ရှိစေဖို့ အလေးထားဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013