DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီဝင် ၂၀ ကျော် တပြိုင်တည်းနုတ်ထွက်စာတင်
DVB
·
October 23, 2018
ရခိုင်အမျိုးသားပါတီဝင် ၂၀ ကျော် တပြိုင်တည်းနုတ်ထွက်စာတင်
Donate to DVB

ရခိုင်အမျိုးသားပါတီက မြောက်ဦးမြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင် ၂၀ ကျော်ဟာ အောက်တိုဘာ၂၂ ရက်က တပြိုင်တည်း ပါတီကနေ  အပြီးအပိုင်နုတ်ထွက်စာတင်ခဲ့ကြပါတယ်။

ပါတီတာဝန်နဲ့ ပါတီဝင်အဖြစ်ကနေ ဆန္ဒလျှောက် အပြီးအပိုင်နုတ်ထွက်ကြောင်း မြောက်ဦး မြို့နယ် အလုပ်မှုဆောင်ကော်မတီဝင် ၂၀ ကျော်က တဦးချင်းစီ လက်မှတ်ထိုးပြီး ပူးတွဲစာ ထုတ်ပြန်ထားပါတယ်။

ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်ကိုတော့ နုတ်ထွက်စာတင်တဲ့ သူတွေရဲ့ စာရင်း တရားဝင် ရောက်မလာသေးဘူးလို ရခိုင်အမျိုးသားပါတီ (အေအန်ပီ) အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောပါတယ်။  

“ဗဟိုဌာနချုပ်ကတော့ နုတ်ထွက်တဲ့ကိစ္စ အတိအကျမသိရသေးပါဘူး။ မနေ့က လူမှုကွန်ရက် မှာ လက်မှတ်ထိုးပြီးတော့ နုတ်ထွက်စာတက်လာတာကိုတွေ့ရပါတယ်။ အဲ့ဒီမှာလူ ၂၂ ယောက် လောက်ပါတာကို တွေ့ရတယ်။ ဒါပေမဲ့ မြောက်ဦးမြို့နယ် အလုပ်မှုဆောင်ကို ဆက်သွယ်တဲ့ အခါဒီ ၂၂ ယောက်အမြဲတမ်း ကော်မတီဝင်တွေ မဟုတ်ဘူး။ ဒု-ဥက္ကဋ္ဌ တယောက်ရယ်၊ ဒု- အတွင်းရေးမှူး တယောက်ရယ်နဲ့ ကျန်တဲ့သုံးယောက်ပဲ မြို့နယ်ကော်မတီထဲမှာ ပါဝင်ပြီးတော့ ကျန်တဲ့သူတွေလုပ်ငန်းတွေ အဆင်ပြေဖို့အတွက် ယာယီနားလည်မှုနဲ့ အစားထိုး ခန့်အပ်ထားတာ လို့ သိရပါတယ်”

ရခိုင်ပြည်နယ် ၁၇ မြို့နယ်၊  ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပလက်ဝ အပါအ၀င် နိုင်ငံတ၀န်း စုစုပေါင်းမြို့နယ် ၂၀ မှာ ရခိုင်အမျိုးသားပါတီ ကျေးလက် ကော်မတီတွေ၊ ဗဟိုကော်မတီတွေနဲ့ ပါတီဝင်တွေ စုစုပေါင်း ၅၀၀၀၀ နီးပါး လောက်ရှိပါတယ်။

လောလောဆယ် နုတ်ထွက်တဲ့ကိစ္စ မြောက်ဦးမြို့နယ် အလုပ်မှုဆောင်တွေ အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်သွားမယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်မှာ  ရခိုင်အမျိုးသားပါတီ (အေအန်ပီ) အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ပါတီအတွင်းမှာ သဘောထား မတိုက်ဆိုင်မှုတွေရှိတာကြောင့် ပါတီဝင်တွေ  အရင်ကလည်း နုတ်ထွက်ခဲ့ကြ ဖူးပါ တယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013