DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးသတင်းအရ အမှုပေါင်း ၃၅၀ အရေးယူ၊ တရားခံပေါင်း ၅၅၀ ကျော် ဖမ်းဆီး
DVB
·
October 23, 2018
မူးယစ်ဆေးသတင်းအရ အမှုပေါင်း ၃၅၀ အရေးယူ၊ တရားခံပေါင်း ၅၅၀ ကျော် ဖမ်းဆီး
Donate to DVB

နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားလာတဲ့ မူးယစ်ဆေးဝါးသတင်းတွေအရ အောက်တိုဘာ ၂၀ ရက် အထိ အမှုပေါင်း ၃၅၀ ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံပေါင်း ၅၅၀ ကျော် ဖမ်းဆီးအရေးယူထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

ဇွန်လနောက်ဆုံးပတ်ကနေ အခု အောက်တိုဘာ ၂၀ ရက်အထိ မူးယစ်အမှု ၃၅၀ မှုနဲ့ အမျိုးသား ၄၆၇ ယောက်၊ အမျိုးသမီး ၉၀ ယောက်၊ စုစုပေါင်း ၅၅၇ ယောက်ကို ဖမ်းဆီး ထားတယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ ၅၀၄၇ ဒသမ ၉၅ ဂရမ်၊ အိုက်စ် ၂၂ ဒသမ ၀၁ ဂရမ်၊ ဘိန်း ၃၈၃၈၇ ဒသမ ၀၁ ဂရမ်၊ ဘိန်းစာမှုန့် ၁၁၈၀၂ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဂရမ်၊ ဘိန်းစာရွက် ၃၉၇၃ ဒသမ ၉၉ ဂရမ်၊ စိတ်ကြွဆေးပြား ၁၆၆၅၈၈ ပြား၊ ဆေးခြောက် ၃၆၉၃ ဒသမ ၇၈ ဂရမ် စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် သေနတ်မျိုးစုံ ၁၂ လက်၊ ကျည်မျိုးစုံ ၁၉၄ တောင့်၊ လက်ပစ်ဗုံးတလုံးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့နေရာတွေကတော့ ရန်ကုန်တိုင်း မြောက်ဒဂုံ၊ တာမွေ၊ အင်းစိန်၊ စစ်ကိုင်းတိုင်း တန့်ဆည်၊ ထီးချိုင့်၊ တနင်္သာရီတိုင်း ကျွန်းစု၊ ပြည်ကြီးမဏ္ဍိုင်၊ ရှမ်းပြည်နယ် နမ္မတူ၊ လားရှိုး၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်၊ မတ္တရာမြို့နယ်တို့ကနေ ဖမ်းဆီးခဲ့တာပါ။

သီးခြားရရှိတဲ့ သတင်းတွေအရ ကချင်ပြည်နယ် မန်စီ၊ ရှမ်းပြည်နယ် လွိုင်လင်၊ မိုင်းဆတ်၊ ကျေးသီး၊ ပင်လောင်း၊ နောင်ချို၊ တောင်ကြီး၊ ကွတ်ခိုင်၊ တာချီလိတ်၊ ဆီဆိုင်၊ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ မင်းပြား၊ မောင်တော၊ စစ်ကိုင်းတိုင်း ခန္တီး၊ ဗန်းမောက်၊ မန္တလေးတိုင်း မိုးကုတ်၊ ပုသိမ်ကြီး၊ ရန်ကုန်တိုင်း တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းတို့မှာ နယ်မြေရှင်းလင်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မူဆယ်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတယောက်နဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတယောက်ဆီကလည်း ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့ပါသေးတယ်။

ဒါကြောင့် အောက်တိုဘာ ၁၄ ကနေ  အောက်တိုဘာ ၂၀ အထိ တပတ်အတွင်း သီးခြား ဖော်ထုတ်ဖမ်းဆီးတဲ့ မူးယစ်အမှု ၂၇၈ မှု၊ တရားခံ ကျား ၃၉၁ ယောက်၊ မ ၂၈ ယောက်၊ စုစုပေါင်း ၄၁၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးတွေကတော့ ဘိန်းဖြူ ၁၀၃၆၃၁ ဒသမ ၁၂ ဂရမ်၊ အိုက်စ် ၃၀၀၆၅ ဒသမ ၂၃ ဂရမ်၊ ဘိန်း ၈၈၅၈ ဒသမ ၀၆ ဂရမ်၊ စိတ်ကြွဆေးပြား ၅၉၃၁၅၉ ပြား၊ ဆေးခြောက် ၉၅၄၀ ဒသမ ၃၄ ဂရမ် စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးချက်ရာသုံးတဲ့ဆက်စပ်ဆေးဝါးတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်မှာ သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ် [email protected] ကို တိုင်ကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013