DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်အတွင်း လျှပ်စစ်မီးမရသည့် ကျေးရွာများအား ဆိုလာစနစ်ဖြင့် မီးလင်းစေမည်
DVB
·
October 23, 2018
မိတ္ထီလာမြို့နယ်အတွင်း လျှပ်စစ်မီးမရသည့် ကျေးရွာများအား ဆိုလာစနစ်ဖြင့် မီးလင်းစေမည်
1 / 3
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဒီးဒုတ်တောင်ကျေးရွာမှာ လျှပ်စစ်မီးလိုင်းဆက်သွယ်ဖို့ ခက်ခဲလို့ ဆိုလာသုံးအသေးစားလျှပ်စစ် ဓာတ်အားလိုင်းစနစ်(Solar Mini-Grid 55KWp)နဲ့ မီးလင်းအောင် လုပ်ပေးနေတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက"အဲရွာနားကမြေ တဧကလောက်ကို ၁၅ နှစ်စာချုပ်နဲ့ ငှားပြီး လုပ်တယ်။ မြေငှားခ ကျပ်သိန်း ၂၀ ပေးရတယ်။ မီတာကို ဓာတ်တိုင်မှာ ချိတ်မယ် မီတာက ယူနစ်ကို တယ်လီဖုန်းဆော့ဝဲနဲ့ အင်တာနက်ဖွင့်ပြီး ဖတ်နိုင်မယ် မီတာက ကျပ်၁သိန်းတန်၊ ၂သိန်းတန်၊ ၅သိန်းတန် ဆိုပြီး ၃မျိုး ရှိနေတယ်။ ၁သိန်းတန်က အိမ်မီးနဲ့ထမင်းချက် ဟင်းချက်ပေါ့၊ ၂သိန်းတန်က ရေစက်မော်တာ အဲကွန်းတွေ သုံးနိုင်မယ်။ ၅သိန်းတန်ကတော့ ဆန်စက်တွေလည်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် နောင်ကို လျှပ်စစ်မီးဆွဲဖို့ တိုင်တွေကြိုးတွေ အဆင်သင့်ဖြစ်နေပြီ အခုလုပ်နေတဲ့ ဆိုလာလျှပ်စစ်ကို ရုရှားနဲ့အိန္ဒိယ နည်းပညာအကူအညီနဲ့ လုပ်နေတယ်"လို့ ပြောပါတယ်။

ဒီအစီအစဉ်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၆၀ရာနှုန်း၊ လုပ်ငန်းရှင် ဖြစ်တဲ့ မန္တလေးရိုးမကုမ္ပဏီက ၂၀ရာနှုန်း၊ ဒေသခံကျေးရွာက ၂၀ရာနှုန်းစိုက်ထုတ် လုပ်ဆောင်တာဖြစ်ပါတယ်။

ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးအေးဇော်မြင့်က “ဒေသခံကျေးရွာက မီတာယူ ငွေပေးခြင်းက ၂၀ ရာခိုင်နှုန်း စိုက်ထုတ်တာပါပဲ။ ဆိုလာလျှပ်စစ်မီး ပေးတော့မှာပါ။ လုပ်ငန်းအနေအထားက ၈၅ ရာခိုင်နှုန်းပြီးစီးနေပါပြီ"လို့ပြောပါတယ်။

ဒီးဒုတ်တောင်ရွာမှာ အိမ်ထောင်စု ၁၇၈ စု ရှိပြီး  ဆိုလာလျှပ်စစ်မီး ယူမယ့်အိမ် ပေါင်းက ၁၂၃ အိမ်ရှိပါတယ်။ အခုတည်ဆောက်မယ့် ဆိုလာလျှပ်စစ်ဓာတ်အားက ၅၅ကီလိုဝပ်ထွက်ရှိမှာ ဖြစ်ပြီး အိမ်ထောင်စု ၃၀၀ကျော်လောက်ကို ပေးဝေနိုင်မယ်လို့ သိရပါတယ်။

ဒီးဒုတ်တောင်ရွာခံတဦးကတော့ “အရင်ကကြားဖူးပါတယ်။ လျှပ်စစ်မီးဖြင့် လောကနိဗ္ဗာန်ကို တည်ဆောက်ကြပါစို့'' ဆိုတဲ့ လှုံ့ဆော်စာနဲ့ လျှပ်စစ်မီးလိုင်းဆွဲတယ်တဲ့။ ကျနော်တို့ရွာလဲ လောကနိဗ္ဗာန် တည်ဆောက်တော့မယ်" လို့ ပြောပါတယ်။

မိတ္ထီလာမြို့နဲ့ ၁၅မိုင်လောက်ကွာဝေးတဲ့နေရာမှာ တည်ရှိတဲ့ ဒီးဒုတ်တောင်ရွာဟာ   မိုးရွာရင်သွားလာရ ခက်ခဲတဲ့ ဒေသဖြစ်ပြီး ယာလုပ်ငန်းကို အဓိကထား လုပ်ဆောင်ပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013