DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်တွင် မိဘမဲ့ ၄ တန်းကျောင်းသူကို ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွား
DVB
·
October 23, 2018
ကျောက်ဖြူမြို့နယ်တွင် မိဘမဲ့ ၄ တန်းကျောင်းသူကို ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွား
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ကုလာဘာကျေးရွာမှာ အသက် ၁၃ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူကို ဦးလေးတော်စပ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့လို့ ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကျောက်ဖြူ မြို့မရဲစခန်းက သိရပါတယ်။

မိန်းကလေးဟာ ကုလာဘာကျေးရွာ အ.ထ.ကကျောင်းမှာ တက်ရောက်နေသူ တဦးဖြစ်ပြီး မိဘတွေမရှိတော့တဲ့အတွက် အဖွားဖြစ်နဲ့ အတူနေထိုင်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ အစ်မအရင်းဖြစ်သူရွာကို ပြန်ရောက်လာတော့ ညီမဖြစ်သူဟာ ပုံမှန်အနေအထားမဟုတ်လို့ မေးကြည့်တဲ့အခါ လွန်ခဲ့တဲ့  ၆ လကျော် လောက်က ည ၈ နာရီလောက်မှာ တရွာတည်းနေထိုင်တဲ့ အဒေါ်ဖြစ်သူရဲ့ နေအိမ်ကို မုန့်ဝိုင်းကူလုပ်ဖို့သွားရောက်စဉ် အဒေါ်ရဲ့ခင်ပွန်း ဦးထွန်းရွှေခိုင်က  တကြိမ်အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

ကုလားဘာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေရွှေမောင်က “အဒေါ်ရဲ့ခင်ပွန်းက အဓမ္မပြုကျင့် ပြီးနောက် ပြန်ပြောရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့သလို နောက်ပိုင်းမှာလည်း အဖွား ဖြစ်သူမရှိတဲ့အချိန်တွေမှာ ဦးထွန်းရွှေခိုင်က မိန်းကလေး နေထိုင်ရာ နေအိမ်ကိုလာရောက်ပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး မိန်းကလေးကို အစ်မဖြစ်သူက ကျောက်ဖြူဆေးရုံမှာ စစ်ဆေးတဲ့အချိန်မှ ကိုယ်ဝန်ရှိနေကြောင်းကို သိရှိရတဲ့အတွက် အစ်မဖြစ်သူက အမှုဖွင့်တိုင်ကြားခဲ့ တာ”လို့ ပြောပါတယ်။

တိုင်ကြားချက်ကြောင့် အောက်တိုဘာ ၁၀ ရက်နေ့မှာ ကျောက်ဖြူမြို့မရဲစခန်းက ပုဒ်မ (၃၇၆) အရအမှုဖွင့်လှစ်ပြီး တရားခံ ဦးထွန်းရွှေခိုင်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

သတင်း - နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013